၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၃၈ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၂၄ ဒသမ ၈၂ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၈၂ ဒသမ ၂၀ သန်း ဖြစ်ကြောင်း သိရပါသည်။
ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၂၈ ဒသမ ၅၈ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၄၈ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၂ ဒသမ ၀၆ သန်း ဖြစ်ကြောင်း သိရပါသည်။
ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၈၇၄ ဒသမ ၂၆ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၈၆ သန်း ဖြစ်ကြောင်း သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၅၅ ဒသမ ၃၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၄၁ ဒသမ ၇၇ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၆၉၇ ဒသမ ၀၉ သန်းတင်ပို့နိုင်ခဲ့ပါသည်။
ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅၄၂ ဒသမ ၅၂ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၁၇ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၅၅ ဒသမ ၆၉ သန်းဖြစ်သဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၅၂ ဒသမ ၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၉၅၈ ဒသမ ၆၀ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေအစီအရင်ခံစာညအရ သိရပါသည်။
Source: Myanmar Alinn