နိုင်ငံတော်အစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့် အာဆီယံ (၄.၀) စီမံကိန်း တို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလ
ထိုစာတမ်းတွင် ပါဝင်သူ Stakeholder များ၏ ရည်မှန်းချက်များ၊ လိုအပ်ချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို စုံလင်စွာ ထည့်သွင်းသွားနိုင်ရန် အတွက် Myanmar 4.0 Stakeholder Roundtable Regroup အစည်းအဝေးကို ယနေ့ ဩဂုတ်လ (၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ အစည်းအဝေးကို ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှု၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ကဏ္ဍ (၇)ခုတွင် ပါဝင်သည့် အသင်းအဖွဲ့များက ကြိုတင်ပေးပို့ထားသည့် စစ်တမ်းလွှာများကို ဖြည့်စွက်လာပြီး အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
စစ်တမ်းလွှာများမှ ကောက်ခံရရှိသည့် အချက်အလက်များကို စုစည်းထည့်သွင်းခြင်းဖြင့် Myanmar 4.0 Whitepaper ရေးသားရာတွင် ပိုမိုပြီးပြည့်စုံသည့် စာတမ်းတစ်စောင် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ နှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသောင်းတင်၊ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ ပုဂ္ဂလိကအဆင့်မြင့်ပညာအဖွဲ့အစည်းများအသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ Myanmar Payment Union၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ E-Commerce အသင်း၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ Myanmar Telecommunication Services Entrepreneurs’ Association တို့မှ ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်