မြန်မာတွေအားကျနေတဲ့ စင်ကာပူ


30 May, 2018

စင်ကာပူနိုင်ငံဆိုသည်မှာ တစ်ချိန်ကရန်ကုန်မြို့တော်၏ တည်ဆောက်ပုံကိုအတုယူ၍ မြို့တည်ခဲ့သော နိုင်ငံဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံကပင် ပြန်လည်အားကျနေရသောနိုင်ငံဖြစ်ပါသည်။

ဘာကြောင့် အချိန်တိုအတွင်းမှာ ဒီလိုတွေဖွံ့ဖြိုးတိုးတက်လာတာလည်း ။ ဘယ်အရာတွေကြောင့်လဲ။

ပထမဦးဆုံးစင်ကာပူနိင်ငံဖြစ်ပေါ်လာပုံကိုလေ့လာကြည့်ရာတွင် စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှခွဲထွက်ကာ ကိုယ်ပိုင်နိုင်ငံငယ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည်။

စင်ကာပူတွင် လူဦးရေအားဖြင့် ၅.၄ သန်းကျော်ရှိပြီး များသောအားဖြင့် အင်္ဂလိပ်စကားပြောကြပြီး တရုတ်၊ မလေးဘာသာစကားများဖြင့်လည်း ပြောလေ့ရှိကြပါသည်။

စင်ကာပူနိုင်ငံသည် ငွေကြေးယူနစ်အဖြစ် စင်ကာပူဒေါ်လာကိုအသုံးပြုပြီး ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်မှစတင်၍ နောင်နှစ်မတ်လ ၃၁ တွင်အဆုံးသတ်လေ့ရှိသည်။

စင်ကာပူနိုင်ငံ၏ GDP မှာကမ္ဘာ့အဆင့်တွင် ၃၇ နေရာတွင် ရပ်တည်လျက်ရှိပြီး အကျင့်ပျက်ချစားမှုကင်းစင်မှုတွင် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိ၍ GDP ဖွံ့ဖြိုးတိုးတက်မှုမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိပါသည်။

တစ်ဦးချင်းစီ၏ GDP မှာ အမေရိကန်ဒေါ်လာ ၆၁,၇၆၆ ခန့်ရှိပြီး ကမ္ဘာ့အဆင့်ရပ်တည်မှုတွင်မူ အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိပါသည်။

ကဏ္ဍအလိုက် GDP တွင် စက်မှုကဏ္ဍတွင် ၂၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ၇၃ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုမှာလည်း ၀ ဒသမ ၄ ရာခိုင်နှုန်းခန့်သာရှိပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းနည်းရခြင်းမှာ စင်ကာပူနိုင်ငံသည် အကျင့်ပျက်ခြစားမှုဆိုင်ရာ ဥပဒေ၏ထိရောက်မှုကြောင့်ဖြစ်သည်။

အလုပ်သမားဦးရေအနေဖြင့် စင်ကာပူတွင် ၃ ဒသမ ၆ သန်းကျော်ရှိပြီး စက်မှုကဏ္ဍတွင် ၁၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကဏ္ဍတွင် ၈၃ ဒသမ ၅ ရာခိုင်နှုန်းကျော်ရှိပြီး အလုပ်လက်မဲ့ဦးရေမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းခန့်သာရှိပါသည်။

စင်ကာပူနိုင်ငံရှိအလုပ်သမားဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားအလုပ်သမားများဖြစ်သည်။

နိုင်ငံ၏အဓိကစီးပွားရေးမှာ လျှပ်စစ်ဓာတ်အားပြန်လည်ရောင်းချခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာပစ္စည်းများနှင့် ဆေးဝါး တင်ပို့ရောင်းချခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးအဆင့်သတ်မှတ်ချက်မှာလည်း ဟောင်ကောင်၊ နယူးဇီလန်တို့ထက်သာလွန်ကြောင်းကို World Bank Index မှ ထုတ်ပြန်ထားသောသတင်းအချက်အလက်များအရ သိရပါသည်။

ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံကျော်ရရှိခဲ့ပြီး သွင်းကုန်များမှာ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံနီးပါးရှိခဲ့ပြီး အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ် ၁၃ ရာခိုင်နှုန်း၊ ဟောင်ကောင် ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ မလေးရှား ၁၀ ဒသမ ၆ ရာခိုင်နှုန်း၊ EU ၉ ရခိုင်နှုန်းနှင့် အင်ဒိုနီးရှားက ၇ ဒသမ ၈ ရာခိုင်နှုန်းအသီးသီးရှိသည်။

စင်ကာပူနိုင်ငံသည် ဆီတင်ပို့မှုတွင်လည်း ကမ္ဘာ့ထိပ်သီးနိုင်ငံများတွင် ပါဝင်လျက်ရှိပြီး တစ်နေ့လျှင် လောင်စာဆီ စည်ပိုင်းပေါင်း ၁ ဘီလျံကောျ် တင်ပို့လျပ်ရှိပြီး ဆီတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်လျက်ရှိပြီး အခြားနိုင်ငံများမှ တင်သွင်းမှုမှာ အဆင့် ၁၅ နေရာတွင် ရပ်တည်လျက်ရှိသည်။

စင်ကာပူနိုင်ငံသည် သဘာဝဓာတ်ငွေ့ ၉၅ ရာခိုင်နှုန်းနှင့် စွန့်ပစ်ပစ္စည်းများမှ ၄ ရာခိုင်နှုန်းကို ဓာတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုလျက်ရှိပါသည်။

ယခင်က လောင်စာဆီကို ၂၃ ရာခိုင်နှုန်းအထိ စွမ်းအင်ထုတ်လုပ်ရန်အသုံးပြုသော်လည်း ၂၀၀၅ ခုနှစ်တွင်မူ ၁ ရာခိုင်နှုန်းမျှသာအသုံးပြုတော့သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများသည်လည်း နိုင်ငံ၏အဓိကစီးပွားရေးကဏ္ဍတွင်ပါဝင်ပြီး ကမ္ဘာလှည့်ခရီးသွားများနှစ်စဉ်လာရောက်လည်ပတ်လျက်ရှိသော Universal Studios ကဲ့သို့သောနေရာများလည်း တည်ရှိလျက်ရှိသည်။

စင်ကာပူနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာအဖြစ်ဦးဆောင်လျက်ရှိပြီး နေက်ထပ် ၁၀ နှစ်အတွင်းတွင် Suburban Metro System အတွက် ဒေါ်လာ ၄၄ ဘီလျံရင်းနှီးမြှုပ်နှံပြီးဖြစ်သည်။

စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အဆင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာလုပ်ဆောင်ခွင့်ပေးထားသည်။

ယခုအခါ စင်ကာပူတွင် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများမှ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိနေပါသည်။

ထိုကဲ့သို့အောက်ခြေချုံကြားမှ ဘုံဖျုားထိတက်ရောက်နိင်ခဲ့သောစင်ကာပူနိင်ငံကို မိမိတို့မြန်မာနိင်ငံကဲ့သို့ဖွံ့ဖြိုးဆဲနိင်ငံများလည်း အတုယူစံထား၍ကြိုးစားသင့်ကြောင်းထင်မြင်မိပါသည်။

Source: Internet

Tips Read 7461 times