မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ G to Gစနစ်ဖြင့် ပဲကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု


26 November, 2018

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအစိုးရနှစ်ရပ်ကြား G to Gစနစ်ဖြင့် ပဲကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်တစ်ရပ်ကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးသတ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့နိုင်ရန် ပဲဈေးနှုန်းနှင့်တင်ပို့မည့်ပဲတန်ချိန်များကို အသေးစိတ်သတ်မှတ်နိုင်ရန်ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

''အခုက အိန္ဒိယနဲ့ လက်မှတ်ရေးထိုးဖို့ လုပ်တယ်ဆိုတာကလည်း မကြာသေးခင်ကာလက မြန်မာနိုင်ငံကို ပဲတင်သွင်းဖို့ ခွဲတန်းမပေးခဲ့ဘူး။အဲဒီလိုတွေ ထပ်မဖြစ်အောင် အခုလို မျိုးစာချုပ်ချုပ်ဆိုမယ်။ စာချုပ်ချုပ်ဆိုတဲ့အ တွက်ပဲ ဈေးကွက်လည်း တည်ငြိမ်လာမှာပါ''ဟုအဆိုပါဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အောင်ထူးက ပြောသည်။

စာချုပ်ချုပ်ရာတွင် ပဲတင်ပို့ရောင်းချရန် သာမက အိန္ဒိယအနေဖြင့် ပဲစိုက်တောင်သူ များထံသို့ ပဲအထွက်နှုန်းတိုးတက်လာစေရန်အတွက်နည်းပညာပံ့ပိုးပေးခြင်း၊ ပဲမျိုးများ ပံ့ပိုးပေးခြင်းများကိုလည်း ကူညီထောက်ပံ့ ရမည်ဖြစ်ကြောင်း သိရသည်။အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံနှင့်ပဲတီစိမ်း အစ ရှိသည့် ပဲသုံးမျိုးတင်ပို့ရန်အတွက်သာ လက် မှတ်ရေးထိုးမည်ဖြစ်ပြီးယင်းအစီအစဉ်အတွက် ၂ဝ၁၆ ခုနှစ်ကပင် စတင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

''အိန္ဒိယကို ပဲတင်ပို့ခွင့်ရတာနဲ့ မြန်မာနိုင်ငံ အတွက် အကျိုးအမြတ်တွေအများကြီးရမယ်။ ကနဦးအနေနဲ့ ကြီးမားတဲ့ ဈေးကွက်ကို ရမယ်။စာချုပ်မှာ ဈေးသတ်မှတ်ထားတဲ့အတွက် ဈေးနှုန်းအတက်အကျကိုလည်း ထိန်း ချုပ်နိုင်မှာဖြစ်တဲ့အတွက် တောင်သူတွေအတွက် အများကြီးအကျိုးအမြတ်ရှိမှာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန မှညွှန်ကြားရေးမှူးဦးမျိုးသူက MBT သို့ ပြောသည်။

၂ဝ၁၇ ခုနှစ်သြဂုတ်လ အတွင်းမှ စတင်၍ မတ်ပဲနှင့် ပဲစင်းငုံ အဓိကတင်ပို့နေရသော အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခြင်းဆိုင်ရာကန့်သတ်လိုက်ပြီးနောက်ပိုင်း မှ ပြည်တွင်းမှ ပဲတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း သိရသည်။၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ ပဲတင်ပို့မှုအဖြစ် ပဲတန်ချိန် ၁ ဒသမ၂ သန်းတန်ချိန်တင်ပို့မှုမှအမေရိကန် ဒေါ်လာ ၁ဒသမ၂ ဘီလီယံ ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပဲတန်ချိန် ၁ဒသမ၄၂ သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ဒသမ၄ ဘီလီယံထိအသီးသီးရခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၁ဒသမ၃၁သန်း တန်ချိန်တင် ပို့ခဲ့သော်လည်း အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ခန့်သာရရှိခဲ့သည်။

နှစ်စဉ် ပဲတန်ချိန် (၁ဝ)သန်းဝန်းကျင် အ ရောင်းအဝယ်ပြုလုပ်လျက်ရှိသည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး ပဲဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ပဲတင်သွင်းမှု မူဝါဒပြောင်း လဲမှုသည် မြန်မာနိုင်ငံကိုသာမက ကမ္ဘာ့ပဲအများဆုံးတင်ပို့သည့် ကနေဒါ၊ သြစတေးလျ အပါအဝင်ပဲတင်ပို့မှုအများဆုံးဖြစ်သော နိုင်ငံများကိုလည်း ထိခိုက်မှုရှိစေခဲ့ကြောင်း သိရသည်။ပြည်ပသို့ နှစ်စဉ်ပဲတင်ပို့မှု တန်ချိန် ၁၄ သိန်းခန့်တင်ပို့လျက်ရှိပြီး သီးနှံစိုက်ဧက ၏ ၂၁ ရာခိုင်နှုန်းခန့်ကို ပဲစိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

 

Export, Import Read 2554 times