● မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce - YPGCC) တို့ တစ်နှစ်တစ်ကြိမ် ပုံမှန် တွေ့ဆုံပြီး နှစ်နိုင်ငံ အကြား စီးပွားဆက်ဆံမှုမြှင့်တင်နိုင်ရေး၊ နှစ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်မှာ ယခုနှစ်သည် (၆) ကြိမ်မြောက် ဖြစ်သည်။
● မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက YPGCC နှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တို့သည် တစ်ဆယ်နှစ်ကျော်ကြာ ယုံကြည်မှု၊ နားလည်မှုတို့နဲ့ ပူးပေါင်း ဆောင်ရွက်နို်င်ခြင်းကြောင့် မြန်မာနှင့် တရုတ် နှစ် တ်နိုင်ငံအကြား ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတို့ အစဉ်တိုးတက်နေခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာကုန်သည်များ၏ တရုတ်နိုင်ငံရှိ ဘဏ်စာရင်းများကို ပြန်ဖွင့်ပေးဖို့ တရုတ်နိုင်ငံ အစိုးရကို တိုက်တွန်းခဲ့စဉ်က YPGCC နှင့် ယူနန်ဒေသခံ တရုတ်လုပ်ငန်းရှင်များ၏ အကူအညီများ ပါဝင်ခဲ့ကြခြင်းကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
● မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်နှင့် YPGCC တို့၏ နှစ်စဉ်တွေ့ဆုံပွဲများကို အလှည့်ကျအိမ်ရှင်စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ယခုခြောက်ကြိမ်မြောက်တွေ့ဆုံပွဲကို ကုန်သည်စက်မှုအသင်းချုပ်မှာ ယနေ့ ကျင်းပခဲ့သည်။
● အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေရေးရာကဏ္ဍများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။
● တွေ့ဆုံဆွေးနွေးပွဲတွင် အဓိကအားဖြင့်
● ယမန်နှစ် မေလတုန်းက နှစ်ဖက်အစိုးရများ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နယ်စပ်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် ဖော်ဆောင်နိုင်ရန်၊
● ဆန်နှင့်ပြောင်း အပါအဝင် မြန်မာ့ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပမာဏကန့်သတ်ချက် ခွဲတမ်း(Quota) ကင်းလွတ်စွာ တင်ပို့နိုင်ရန်၊
● ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန်
● One-Belt-One-Road ပရောဂျက်၌ ထိထိရောက်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်ရန်
တို့ကို ဆွေးနွေးခဲ့ကြပါသည်။
● စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်နိုင်ရေး အသေးစိတ်လုပ်ငန်းဆိုင်ရာတို့ကို နှစ်နှစ်နိုင်ငံမှ တာဝန်ရှိသူများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြောကြားသည်။ ၎င်းဇုန်အကောင်အထည်ပေါ်လာလျှင် ဇုန်အတွင်းမှာပင် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ခြင်းအပြင် နှစ်ဖက်နိုင်ငံမှ လုပ်ငန်းရှင်များ စက်မှုကုန်ထုတ်လုပ်ငန်းများကိုပါ လာရောက်တည်ထောင်နိုင်မည်ဟု ၎င်းက ပြောကြားပါသည််။
● YPGCC ၏ ဥက္ကဋ္ဌ Mr. Yu Dingcheng က နှစ်ဖက်နိုင်ငံများရဲ့ အားသာချက် အားနည်းချက်တွေအပေါ်သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားပါသည်။ ဥပမာအားဖြင့် မြန်မာ့ မြို့ပြတည်ထောင်ရေးကဏ္ဍမှာ ယူနန်ပြည်နယ်၏ အားကောင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းပါဝင်ရေး၊ မြန်မာနိုင်ငံကို တရုတ်ခရီးသွားဧည့်သည်တွေ ပိုမိုလည်ပတ်သွားရောက်ရေး လက်တွဲဆောင်ရွက်ကြဖို့ Mr. Yu Dingcheng က တိုက်တွန်းပြောကြားပါသည််။
● မြန်မာနိုင်ငံနဲ့ ယူနန်ပြည်နယ်တို့အကြား ၂၀၁၆ ခုနှစ်မှာ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆.၁ ဘီလျံရှိခဲ့ရာ မြန်မာနိုင်ငံမှ ပို့ကုန် ၃.၆ ဘီလျံ၊ သွင်းကုန် ၂.၅ ဘီလျံရှိခဲ့ပါသည်။
● ရင်းနှီးမြှုပ်နှံမှုမှာဆိုလျှင် ၂၀၁၇ ခုနှစ် ဇွန်လအထိ ကိန်းဂဏန်းများအရ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွင်း ကန်ဒေါ်လာ ၁၀ ဘီလျံ မြှုပ်နှံထားပါသည််။ အဓိကအားဖြင့် ရေအားလျှပ်စစ်၊ သတ္တုတွင်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာဖြစ်ပြီး၎င်းပမာဏဟာ ယူနန်ပြည်နယ်က ပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၂၁ % ရှိပါကြောင်း ယူနန်ပြည်နယ်အစိုးရ ကုန်သွယ်ရေးဌာနမှ Deputy Counsel-Director Mr. Ren Guanghua ထံမှ သိရပါသည်။
● မြန်မာလုပ်ငန်းရှင်များကလည်း ယူနန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုများ ပြုထားကြသည်။
● ၂၀၁၇ ခုနှစ်မှာ စုစုပေါင်း ပမာဏ ကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရေးနှင့် ဟိုတယ်လုပ်ငန်းကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံထားကြပါသည်။
ရင်းမြစ်။ ။ကုန်သည်စက်မှုအသင်းချုပ်