မြန်မာ အာဆီယံ ကုန်သွယ်မှု ဒေါ်လာ ၉.၉ ဘီလီယံအထိမြင့်တက်ခဲ့


27 August, 2020

၂၀၁၁-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း မြန်မာနှင့်အခြားအာဆီယံနိုင်ငံများအကြားကုန်သွယ်မှုသည် ဒေါ်လာ ၉.၉ ဘီလီယံအထိမြင့်တက်ခဲ့ကြောင် းမြန်မာကူးသန်းရောင်းဝယ်ရေး ၀ န်ကြီးဌာန၏အချက်အလက်များအရ သိရသည်။

အောက်တိုဘာ ၁ ရက်မှဇွန်လ ၃၁ ရက်အတွင်း အာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်းတန်ဖိုးဒေါ်လာ ၃.၆ ဘီလီယံကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၆.၃ ဘီလီယံကျော် တင်သွင်းခဲ့သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှားတို့သည် အာဆီယံရှိ မြန်မာကုန်သွယ်ဖက်များစာရင်းတွင် ထိပ်ဆုံးမှာရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၃.၉ ဘီလီယံ၊ ဒေါ်လာ ၃.၃ ဘီလီယံနှင့် ဒေါ်လာ ၁ ဘီလီယံအသီးသီးရှိသည်ဟု ၀ န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

နောက်ထပ် ကုန်သွယ်ဖက်များမှာ အင်ဒိုနီးရှား (ဒေါ်လာ ၉၃၆.၅ သန်း)၊ ဗီယက်နမ် (ဒေါ်လာ ၆၀၉.၄၇ သန်း)၊ ဖိလစ်ပိုင် (ဒေါ်လာ ၁၂၂.၇၄ သန်း)၊ ကမ္ဘောဒီးယား (ဒေါ်လာ ၂၅.၇ သန်း)၊ လာအို (ဒေါ်လာ ၁.၃ သန်း) နှင့်ဘရူနိုင်း (ဒေါ်လာ ၀.၃၁ သန်း) တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံသည်အဓိကအားဖြင့်လယ်ယာစိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများနှင့် ကုန်ထုတ်လုပ်မှုများမှ ထုတ်ကုန်များ တင်ပို့ပြီး အရင်းအနှီးပြုသော ကုန်ပစ္စည်းများ၊အလယ်အလတ်အဆင့်အထိ ထုတ်လုပ်ပြီးစီးသော ကုန်ပစ္စည်းများနှင့် လူသုံးကုန် ကုန်ပစ္စည်းများ တင်သွင်းသည်။

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံသည်ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယားသို့ ဒေါ်လာ ၁၇.၀၇ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့သည်။

နိုင်ငံခြားရေး ၀ န်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀ န်ကြီး Prak Sokhonn နှင့်တွေ့ဆုံစဉ် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးနှင့်မြောက်ကိုရီးယားသံအမတ်ဟောင်း (၂၀၁၅-၂၀၁၉) ဦးသစ်လင်းအုန်းသည် သံတမန်ဆက်ဆံရေးနှင့်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

၀န်ကြီးဌာနအမြဲတမ်းအတွင်းဝန် Tuot Panha က သံအမတ်ကြီးသည်စိုက်ပျိုးရေးထုတ်ကုန်များအထူးသဖြင့် Kampot ငရုတ်ကောင်းတင်သွင်းမှုကို စိတ်၀င်စားကြောင်းပြသခဲ့သည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။

By Myanmar Industry Guide

Source phnompenhpost

Local News Export, Import Read 451 times