မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် မတ်လအတွင်း အမေရိကန်ဒေါ်လာသိန်း ၂၀ ကျော်ရှိနေ


auto
05 April, 2018

ဘင်္ဂလားဒေ့ရ်ှသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် မတ်လအတွင်း ပို့ကုန်တစ်ခုတည်း အမေရိကန်ဒေါ်လာသိန်း ၂၀ ကျော်ဖိုး တင်ပို့ခဲ့ဘင်္ဂလားဒေရှ့်သို့ မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် မတ်လအတွင်းပို့ကုန်တစ်ခုတည်း အမေရိကန်ဒေါ်လာသိန်း၂၀ ကျော်ဖိုး တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

လွန်ခဲ့သည့်ဖေဖော်ဝါရီလအတွင်းကလည်း ပို့ကုန်တစ်ခုတည်း အမေရိကန်ဒေါ်လာသိန်း ၂၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တစ်နေ့ကို စက်လှေငါးစီးခန့် တင်ပို့နေရကြောင်းနှင့် ယခင်နှစ်ကထက် ပို့ကုန်နှစ်ဆခန့်ထိ တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ပို့ကုန်တစ်ခုတည်း တင်ပို့နေခြင်းဖြစ်ပြီး ဆန်တင်ပို့မှုပမာဏ တိုးတက်လာသဖြင့် ဇန်နဝါရီလမှစတင်၍ ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီလကုန်အထိ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်ပမာဏအမေရိကန်ဒေါ်လာ ၁၄ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်။

သြဂုတ် ၂၅ ရက်က အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်လကျော်ကြာကုန်သွယ်မှု ရပ်နားခဲသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၄ ရက်မှစ၍ ပြန်လည်ကုန်သွယ်မှုပြုနေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် လက်ရှိတွင် ဆန်၊ ရေထွက်ကုန်ပစ္စည်းနှင့် ကုန်မျိုးစုံကို တင်ပို့လျက်ရှိသော်လည်း သွင်းကုန်ဆောင်ရွက်မှုမရှိသေးကြောင်း သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ကုန်သွယ်မှုလျ ာထားချက်မှာ ပို့ကုန်တင်ပို့မှုမှအမေရိကန်ဒေါ်လာငါးသန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာတစ်သန်း စုစုပေါင်းသွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်သန်း လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါသည်။

Eleven

 

Export, Import Read 483 times