တရုတ်-မြန်မာနယ်စပ် ရွှေလီ ကုန်သွယ်ရေး ပြန်လည်ရှင်သန် ကြီးထွား


30 January, 2023

တရုတ်-မြန်မာနယ်စပ် ရွှေလီ ကုန်သွယ်ရေး ပြန်လည်ရှင်သန် ကြီးထွား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း တရုတ်နိုင်ငံက နယ်ခြားဂိတ်များကို ပုံမှန်လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ခဲ့ပါသည်။
ယူနန်ပြည်နယ်ရှိ နယ်စပ်ဂိတ်များ ပြန်လည် အသက်ဝင်ခဲ့ပါသည်။ အိမ်နီးနားချင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်မှုပမာဏ ပြန်လည်မြင့်တက်ခဲ့ပါသည်။
၂၀၂၃ တွင် ကုန်သွယ်မှုပမာဏ ဆက်လက်၍ လျင်မြန်စွာ ကြီးထွားအောင် ထိန်းထားနိုင်မည် ဖြစ်သည်။

 

 ဇန်နဝါရီလတွင်တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများ တင်ဆောင်ထားသည့် ကုန်တင်ကားတစ်စီးသည် မူဆယ်မှ ထွက်ခွာလာပြီး ရွှေလီသို့ ဝင်ရောက်ခဲ့သည်။ ယခင်ကလို ယာဉ်ပြောင်းတင်ရခြင်း၊ ယာဉ်မောင်းလဲရခြင်းများ မလိုအပ်တော့ပါ။ ကိုဗစ်အကြိုကာလတုန်းကအတိုင်း ပုံမှန် ပြန်ဖြစ်သွားပြီဟု Global Times မှ သတင်းဖော်ပြပါသည်။

ရွှေလီသည် ရိုးရှင်းသော အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို အသုံးပြုသဖြင့် နယ်ခြားဖြတ်ကျော်ရန် လွယ်ကူမြန်ဆန်ပါသည်။

ပူးတွဲစစ်ဆေးရေးအဖွဲ့က စောင့်ဆိုင်းချိန် သုည "zero waiting"  နင့် နှောင့်နှေးမှု သုည "zero delays" မူဝါဒဖြင့် စစ်ဆေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါသည်။ အပိုင်းပိုင်း ယာဉ်ပြောင်းတင်ခြင်း၊ ယာဉ်မောင်း လဲခြင်း၊ ပိုးသတ်ခြင်း အဆင့်ဆင့်များကို ဖယ်ရှားထားပြီး ဖြစ်ပါသည်။ အချိန်ကုန် သက်သာ၊ ငွေကုန် သက်သာစေပါသည်။ 
နွေဦးပွဲတော်ကာလအတွင်း နယ်စပ်ဖြတ်ကျော်မှုများကို နားရက်မရှိ လုပ်ကိုင်ပေးခဲ့ပါသည်။


ကုန်သွယ်ရေးဦးစီးဌာနမှ အောက်ပါအချက်များကို ပြဋ္ဌာန်းထားပါသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ခွင့်ပြုပေးရာတွင် မူဆယ်(မန့်ဝိန်း) ဝင်ထွက်ဂိတ်မှ ကုန်သွယ်မှုယာဉ်များအား အောက်ပါအတိုင်း ဝင်ထွက်ခွင့်ပြုမည်ဖြစ်သည် -

(၆) ဘီး ကုန်တင်ယာဉ်များကိုသာ အာဆီယံစံချိန်စံညွှန်းနှင့်အညီ ယာဉ်နှင့် ကုန် စုစုပေါင်း (၁၆) တန်အထိသာ တင်ဆောင်၍ ဝင်ထွက်ရမည်။

လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်းများနှင့် သတ္တုတွင်းထွက် များမှအပ ကျန်ပို့ကုန်ပစ္စည်းများကိုသာ တင်ပို့ခွင့်ပြုမည်။ 

ဒေသထွက် ကြံတင်ပို့သည့် ယာဉ်များအား (၆) ဘီး ကုန်တင်ယာဉ်ဖြင့် အာဆီယံ စံချိန်စံညွှန်းအတိုင်း ယာဉ်နှင့်ကုန် စုစုပေါင်း (၁၆) တန်အထိသာ မန့်ဝိန်း ဝင်ထွက်ဂိတ်မှ တင်ပို့ခွင့်ပြုမည်။

သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုမည်။

မြန်မာနိုင်ငံဘက်မှ ပို့ကုန်ယာဉ်နှင့်အတူ ယာဉ်မောင်း (၁) ဦးသာ တရုတ်နိုင်ငံ ဘက်မှ သတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း (၄၈) နာရီအတွင်း ဆေးစစ်ချက် အထောက်အထားဖြင့်သာ သွားရောက်ခွင့်ပြုမည်။

တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာမည့် သွင်းကုန်ယာဉ်နှင့်အတူ ယာဉ်မောင်း(၁)ဦးကိုသာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၌ ထုတ်ပြန်ထားရှိသည့် မြန်မာ - တရုတ်နယ်စပ် ဝင်ထွက်ဂိတ်များ မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဝင်ရောက်ခွင့်ပြုမည်။ 

မန့်ဝိန်း ဝင်ထွက်ဂိတ်မှ တင်ပို့/တင်သွင်းမည့် ယာဉ်များအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုမည်။

ကျိန်စန်းကျော့ ဝင်ထွက်ဂိတ်မှ ကုန်ပစ္စည်း တင်ပို့တင်သွင်းခြင်းများအား လက်ရှိအတိုင်းဆက်လက်ခွင့်ပြုမည်။ 

မူဆယ်မြို့အတွင်းသို့ (၆) ဘီး ကုန်တင်ယာဉ်များသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျိန်စန်းကျော့လမ်းခွဲ ကျောက်တိုင်ကျော်လွန်၍ မူဆယ်ဘက်သို့ (၈) ဘီး ယာဉ်နှင့်အထက်ကုန်တင်ယာဉ်များအား ဝင်ထွက်ခွင့်မပြုပါ။

 

ဇန်နဝါရီ ၂၅ ရက်တွင် ရွှေလီဂိတ်ပေါက် လူဝင်လူထွက် ပြည်ဝင်ပြည်ထွက်ကို ပြန်လည်စတင်ပါသည်။ 
 မြန်မာလူမျိုး တရုတ်အမျိုးအနွယ်ဖြစ်သော ဦးသန်းထွန်ဝင်းသည် ရွှေလီဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံဝင်ရောက်ခဲ့ပါသည်။ သူသည် ရွှေလီဂိတ်ပေါက် ပြန်ဖွင့်ပြီးနောက် တရုတ်ပြည်သို့ ပထမဆုံး ဝင်ရောက်ခဲ့သူ ဖြစ်ပါသည်။ 
 
တရုတ်နိုင်ငံသို့ ဝင်ရောက်မည့်သူများသည်  ၄၈ နာရီအတွင်း ဆေးစစ်ထားသော နူကလိစ်အက်ဆစ်အ နုတ်လက္ခဏာ ရလဒ် အထောက်အထားလက်မှတ်နှင့် မြန်မာ တရုတ် နယ်စပ်သွားလာခွင့် လက်မှတ် စာအုပ်နီ  ကိုင်ဆောင်ထားသူ ဖြစ်ရန်သာ လိုအပ်ပါသည်။
စာအုပ်နီကို  နမ်းခမ်း မူဆယ်တွင် နေထိုင်သောသူများသာ အိမ်ထောင်စုစာရင်းဖြင့် ထုတ်ယူနိုင်ပါသည်။ လိုအပ်သော အချက်အလက်များ မေးမြန်းပြီး စာအုပ်နီ ထုတ်ပေးပါသည်။

 

ရွှေလီ ကုန်သွယ်ရေးသည်  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်  အစည်ကားဆုံး လမ်းကြောင်းဖြစ်ပြီး ကုန်သွယ်မှုအတွက် အရေးပါသည်။

ကိုဗစ်အကြိုကာလ ၂၀၁၉ တွင် ရွှေလီ ကုန်သွယ်ရေးသည် ကုန်တန်ချိန် ၁၇.၄၅ သန်းကျော် ရှိခဲ့ပြီး တန်ဖိုး ယွမ် ၁၀၀ ဘီလီယံ (‌ကန်ဒေါ်လာ ၁၄.၇၄ ဘီလီယံ) ရှိခဲ့ပြီး ယူနန်ပြည်နယ်၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ၈၀% ခန့် ရှိသည်။

အခြားအရှေ့တောင်အာရှနိုင်ငံအချို့နှင့် နယ်စပ်ကုန်သွယ်ရေးများလည်း တရုတ်နှစ်ကူး အားလပ်ရက်တွင် ပြန်လည်ရှင်သန် ကြီးထွားခဲ့ပါသည်။
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 2137 times