တရုတ်အစိုးရက လုံခြုံရေးလျှော့ချ၍ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်


22 October, 2018

တရုတ်အစိုးရက လုံခြုံ ရေးလျှော့ချခဲ့၍ နှစ်ပတ်ကျော် ရပ်နားထားရသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်လည် အသက်ဝင်လာကြောင်း မူဆယ် မြို့ရှိ ကုန်သည်အချို့က ပြောသည်။

အောက်တိုဘာ ၁ ရက်က စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တစ်ဖက်ခြမ်းတွင် တရုတ်ရဲများက လုံခြုံရေးတင်း ကျပ်ထားခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းဖူးစေ့များ တင်ပို့နိုင်ခြင်းမရှိသကဲ့သို့ တရုတ် နိုင်ငံမှ လူသုံးကုန်ပစ္စည်းများအပါ အဝင် သွင်းကုန်ပစ္စည်းအများစု လည်း မြန်မာနိုင်ငံသို့ အဝင်နည်း ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ရပ်တန့်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ မှ တရုတ်သို့ တင်ပို့မည့် ဆန်၊ သကြားအပါအဝင် ပို့ကုန်များ မူဆယ်မြို့ရှိ ဂိုဒေါင်များတွင် သိမ်းထားရပြီး လက်ရှိ၌ ဂိုဒေါင်အလွတ်ရှာနေကြောင်း ကုန်သည် များက ပြောသည်။

‘‘သကြားကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်က စပြီးသွားလို့ ရပြီ။ ဆန်နဲ့ ပြောင်းဖူးစေ့က သွား လို့မရသေးဘူး’’ဟု မူဆယ်မြို့ရှိဆန်နှင့် သကြားကုန်သည်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၀ ရက် တွင် သကြားအိတ်ရေ နှစ်သောင်း ခန့် တရုတ်နိုင်ငံမှ ဝယ်လိုအားရှိ သည်ဟု ၎င်းက ပြောကြားသည်။ မကြာမီ ရက်ပိုင်းအတွင်း ကုန် သွယ်မှုအခြေအနေ ပုံမှန်ပြန်ဖြစ် နိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား ကုန်သွယ်ရေးတွင် တရုတ်နယ် စပ်မှ ကုန်သွယ်ရေးပမာဏသည် နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော်ရှိသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရှိပြီး မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံရှိခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားပို့ကုန်ကဏ္ဍတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ သို့သော် မြန်မာနိုင်ငံက ပို့ကုန်များကို တရားဝင်ခွင့်ပြုထားသော် လည်း တရုတ်နိုင်ငံက ခွင့်မပြု သဖြင့် တရုတ်ကုန်သည်များက တရားမဝင်ဝယ်ယူသည်။ ယခုလ ၌ ရွှေလီမြစ်တစ်ဖက်ကမ်း ယူနန် ပြည်နယ်၊ တက်ဟုန်းပြည်နယ် နယ်စပ်တွင် တရုတ်အစိုးရက လုံခြုံရေး ထူထပ်စွာချထားခြင်း ကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့နိုင်ခြင်းမရှိပေ။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေခြင်း ဖြေရှင်းရန် တရုတ်သံရုံးမှတစ် ဆင့် တရုတ်နိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာနထံ အကြောင်းကြားမှု ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဆောင် ရွက်ခဲ့သည်။

‘‘ဆန်နဲ့ ပြောင်းကို ကိုတာပို ချထားပေးဖို့လည်း ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ပြီးတော့ ကုန် သွယ်ရေးဇုန် ညွှန်ကြားရေးမှူးနဲ့ တက်ဟုန်းပြည်နယ် နိုင်ငံခြားရေး ဌာနနဲ့ ညှိနှိုင်းနေပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးရန်နိုင်ထွန်းက ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ကချင် ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်၊ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော်၌ ကုန် သွယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်။

7 day

Export, Import Read 1683 times