မြန်မာ-တရုတ်ရင်းနှီးမြှုပ်နံမှုဆိုင်ရာ ဆန်နှင့် ပြောင်းတန်ချိန် သောင်းကျော်ရောင်းဝယ်နိုင်ရေးဆွေးနွေး


18 December, 2018

မြန်မာ-တရုတ် ရင်းနီးမြှုပ်နံမှုဆိုင်ရာ ဆွေးနွေးပွဲကို မူဆယ်မြို့၊မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည် များအသင်းရုံးတွင် ဒီဇင်ဘာ ၁၄ ရက်မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာနှစ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့်ကုန်သည် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ဆန်တန်ချိန် တစ်သောင်းခွဲနှင့် ပြောင်းတန်ချိန်တစ်သောင်း တရုတ်နိုင်ငံ ကုမ္ပဏီ ၂ ခုမှ ဝယ်ယူရေး MoU လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်(အနောက်)ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမီတက်နှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ နှစ်ခုတိုသည့် ဆန်နှင့်နှင့် ပြောင်းနှစ်ခု စုစုပေါင်းတန်ချိန် နစ်သောင်းခွဲကို မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့ရောင်းဝယ်ရေး MoU လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါတယ်။

စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကနေပြီး ကုမ္ပဏီ နှစ်ခုစီက ဆန်နဲ့ပြောင်းမြန်မာနိုင်ငံကနေ တင်ပို့နိုင်ဖို့ MoU ကန်ထရိုက်စာချုပ်ချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ဒါက မြန်မာ-တရုတ်ကုန်စည်ပြပွဲလုပ်ခဲ့တဲ့ အကျိုးရလာဒ်ဖြစ်သလို ကုန်သည်ချင်းတွေ့ဆုံနိုင်တဲ့ အခွင့်အလမ်းတွေရရှိ Plat form တစ်ခုဖြစ်ပြီး ကုန်သည်ချင်းတွေ့ ဆုံနိုင်ရာက ကန်ထရိုက်စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်”ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြိးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ကပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးတွင် ပြုလုပ်လျက်ရှိရာ နှစ်ဖက်ကုန်သည်များအချင်းချင်းတွေ့ဆုံနိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှထွက်ကုန်များကို တရုတ်ဘက်ကုန် သည်များက ဝယ်ယူနိုင်ရေးအတွက် ကန်ထရိုက်စာချုပ်များချုပ်ဆိုရာမှ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုမြှင့်တင်နိုင်သည့် ရလာဒ်ကောင်းများဖြစ်ပါတယ်။

“တစ်နှစ်ထက် တစ်နှစ် မြန်မာ-တရုတ်ကုန်သွယ်မှုပိုလာတာက ငြင်းလို့မရပါဘူး။မူဆယ်မှာရှိတဲ့ ရေထွက်ပစ္စည်း လုပ်ငန်း၊သစ်သီးလုပ်ငန်း၊လုပ်ငန်းစတဲ့ လုပ်ငန်းရှင်တွေလာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မလာကြလို့ ဆန်နဲ့ ပြောင်းပဲ လက်မှတ်ထိုးနိုင်ခဲ့တယ်။ ဒီနစ်မှာ ဒေါ်လာ ခြောက်ထောင်ကျော်လောက်ရှိတယ်ဆိုတော့ အရင်နှစ်ထက် သိသိသာသာ တိုးလာတာပါ”ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးစိုင်းနွံကပြောခဲ့ပါတယ်။နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကောက်မတီအစည်းအဝေးတွင် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများက ပါဝင်သည့် အစည်းအဝေးများတွင် နှစ်နိုင်ငံကုန်သွယ်မှုအခက်အခဲများကို ဖြေရှင်းညှိနိုင်းမှုများ လုပ်ဆောင်ကြကြောင်း၊၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ၆ ဒသမ ၈ ဘီလီယံရှိ ခဲ့ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၅ ဒသမ ၈ ဘီလီယံရှိသည့်အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုအနက် ၈၅ %မှာ မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ ရရှိကြောင်းသိရပါတယ်။

Myanmar Time

Export, Import Read 1632 times