ကုမ္ပဏီများကို လုံခြုံစိတ်ချစွာ အွန်လိုင်းတွင် မှတ်ပုံတင်နိုင်မည့် MyCO စနစ်


01 August, 2018

မြန်မာနိုင်ငံ၌ ပထမဦးဆုံး အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီနှင့်ပတ်သက်သည့်ဝန်ဆောင်မှုများ ဆောင်ရွက် နိုင်မည့် MyCO (Myanmar Companies Online) စနစ်တွင် လုံခြုံရေးပိုင်းကိုအခိုင်အမာဆောင်ရွက် ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒါရိုက်တာ ဦးမျိုးမင်းက ပြောသည်။

MyCo စနစ် စတင်မိတ်ဆက်

ကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် MyCO (Myanmar Companies Online) စနစ်စတင်မိတ်ဆက်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့၌ Melia ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး ၎င်းအခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

MyCO (Myanmar Companies Online) စနစ်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုမ္ပဏီနှင့် ပတ်သက်၍ ဝန်ဆောင်ခများပေးသွင်းခြင်း၊ ကုမ္ပဏီလိပ်စာ ပြောင်းလဲခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့် ဆောင်ရွက်ရသည့်

နှစ်စဉ်အစီရင်ခံစာများ၊ ရှယ်ယာနူန်းထားများ စသည်တို့ကို မည့်သည့်ဘဏ်ကတ်စနစ်ဖြင့်မဆို ပေးချေဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုကုမ္ပဏီအချက်အလက်ကို ပွင့်လင်းမြင်သာစွာဖော်ပြထားပြီး ကိုယ်နှင့်မဆိုင်လျှင် ဆိုင်သည့်သူကသာ ပြောပြီး ယူချင်လျှင်ယူလို့ရသည်ဆိုသော အခြေအနေရှိသည်။ တခြားဝက်ဘ်ဆိုက်ဒ်များ၏သဘော

သဘာဝကဲ့သို့မဟုတ်ဘဲ System (စနစ်) ဘက်တွင် security (လုံခြုံရေး) ပိုင်း သေချာအခိုင်အမာလုပ်ထားပါသည်။ သို့သော် ကုမ္ပဏီအချက်အလက်ဆိုသည်က အများပြည်သူသိ၍ ရသည့်အချက်အလက်မျိုးဖြစ်ကြောင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒါရိုက်တာ ဦးမျိုးမင်း က ပြောသည်။

MyCO စနစ် မှတ်ပုံတင်ခြင်း

သြဂုတ်လ ၁ ရက်နေ့မှစ၍ ကုမ္ပဏီများဥပဒေ ၂၀၁၇ ကို အသက်ဝင်ကျင့်သုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိကုမ္ပဏီများအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရာတွင် အွန်လိုင်း အီလက်ထရောနစ်

မှတ်ပုံတင်စနစ် MyCO ဖြင့် www.myco.dica.gov.mmတွင် မှတ်ပုံတင်နိုင်ပြီး သြဂုတ်လ ၁ ရက်နေ့မှ ၆ လအတွင်း မှတ်ပုံတင်သွားရမည်ဖြစ်သည်။

"မလုပ်ဘူးဆိုရင် ဒဏ်ကြေးပေးပြီး တစ်လအတွင်းပြန်တင်။အဲဒါမှမတင်ဘူးဆိုရင် ကျွန်တော်တို့ တစ်လအတွင်း စာရင်းကနေပြီးတော့ ဖျက်သွားမှာပေါ့။ စာရင်းကနေ ဖျက်သွားတော့ သူတို့က ကုမ္ပဏီအနေနဲ့

ကျွန်တော်တို့ဆီမှာမရှိတော့ဘူးပေါ့" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

MyCO (Myanmar Companies Online) စနစ်ဖြင့် ကုမ္ပဏီပြန်လည်မှတ်ပုံတင်ရန် ၁၅ မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကာ မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)

သို့လာရောက်ကာ မှတ်ပုံတင်နိုင်မည်ဟု သိရသည်။

တာဝန်ယူမှု

မှတ်ပုံတင်ရာတွင် ကုမ္ပဏီနှင့်ပတ်သက်သည့် အချက်အလက်အမှန်များ ထည့်သွင်းရမည်ဖြစ်ကာ ဝက်ဘ်ဆိုက်ဒ်ပေါ်တွင် ဖော်ပြထားမည်ဖြစ်သည့်အတွက် အချက်အလက်များခိုးယူရန် တိုက်ခိုက်ခြင်း မျိုးမရှိနိုင်အောင်

ပိုင်ရှင်များ၊ ဒါရိုက်တာများ၏ လိပ်စာများအား ထိန်းသိမ်းပေးထားမည်ဟု ဦးမျိုးမင်း က ပြောသည်။

ကုမ္ပဏီများဥပဒေ ၂၀၁၇ ကို သြဂုတ်လ ၁ ရက်နေ့မှစ၍ ကျင့်သုံးမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ အထူးကုမ္ပဏီများအက်ဥပဒေများဖြင့် မှတ်ပုံတင် ထားသည့်

ကုမ္ပဏီများအားလုံးအနေဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။

mizzima

Local News Read 672 times