ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု စံချိန်တင်


07 December, 2017

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခု ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး စံချိန်တင်ကာလမျိုး ဖြစ်လာခဲ့ကြောင်း ဘဏ်ငွေကြေးလုပ်ငန်းများဆိုင်ရာ ပညာရှင်များထံ သိရပါသည်။

ဘဏ်တိုးနှုန်း မြင့်နေခြင်းကြောင့် စီးပွားရေးမှာလည်း ကမောက်ကမ ဖြစ်နေသော အနေအထားမျိုးဖြစ်ပေါ်ခြင်းကို တွေ့ရပါသည်။

ဗဟိုဘဏ်သည် တိုင်းပြည်၏ အရေးကြီးဆုံး အင်စတီကျူးရှင်း တစ်ခုလည်းဖြစ်သကဲ့သို့ အစိုးရကို စီးပွားရေးငွေကြေးနှင့် ပတ်သတ်ပြီး အကြံပေးရသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။

ယခုလိုအနေအထားတွင် ဗဟိုဘဏ်က လုပ်ဆောင်မည့်လုပ်ဆောင်ချက်များမှာ စိတ်ဝင်စားစရာကောင်းကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးမှ ပြောကြားပါသည်။

လက်ရှိကာလ ဗဟိုဘဏ်၏ ဝက်ဘ်ဆိုက်တွင် ငွေကြေးဖောင်းပွမှုနှုန်း (Annual rate of Infation ) မှာ ၄ ဒသမ ရ ရာခိုင်နှုန်း အဖြစ်သာ ဖော်ပြထားခြင်းကြောင့် လက်တွေ့အရှိတရားနှင့် ကွာခြားနေကြောင်း လုပ်ငန်းရှင်များက ဝေဖန်ခဲ့ပါသည်။

ယခင်က ငွေကြေးဖောင်းပွမှုနှုန်းသည် ဘဏ်စုဆောင်းငွေ အတိုးနှုန်းထက်များခဲ့ပြီး ယခုအခါ ဘဏ်များမှ စုဆောင်းငွေအပေါ် သတ်မှတ်ထားသည့် အတိုးနှုန်းမှာ ၈ ရာခိုင်နှုန်း ဝန်းကျင်ရှိသကဲ့သို့ ချေးငွေအပေါ် သတ်မှတ်ထားသည့် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဝန်းကျင်ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိ ဘဏ်များ၏ အတိုးနှုန်းမှာ အာဆီယံနိုင်ငံများအနက်တွင် ဘဏ်တိုးနှုန်းမြင့်မားသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးရင်းနှီးမြှုပ်နှံ လုပ်ကိုင်သူများမှာလည်း  အတိုးနှုန်းများများပေးသောလုပ်ငန်များဆီ ဦးတည်လာကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ အောကစ်ဟိုတယ်တွင် “တရားမဝင် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေ ဘယ်လောက်အန္တရာယ်ရှိနေလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲမှ သိရပါသည်။

Source:city news

Local News Read 5120 times