မြန်မာနိုင်ငံ၏ စီးပွားရေးလွတ်လပ်ခွင့်ရမှတ်မှာ ၅၃ ဒသမ ၉ ရှိကြောင်း စီးပွားရေးညွှန်းကိန်းများအရ အဆင့် ၁၃၅ တွင် ရပ်တည်လျက် ရှိပါသည်။မြန်မာနိုင်ငံ၏ စုစုပေါင်း ရမှတ်သည် ၁ ဒသမ ၄ မှတ်တိုးလာခဲ့ခြင်းနှင့် အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် တရားဥပဒေစီရင်ရေးထိရောက်မှုရှိလာခြင်းတို့လည်း ပွင့်လင်းမြင်သာမှု ရှိလာခဲ့ပါသည်။
မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင်ရှိသော နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် အဆင့် ၃၃ နေရာ၌ ရပ်တည်လျက်ရှိကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် သတ်မှတ်ချက်စစ်တမ်းများအရ သိရပါသည်။
အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ခြင်း၊ ဗဟိုဘဏ်လုပ်ငန်းများ လွတ်လပ်စွာလည်ပတ်နိုင်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေအသစ်များထုတ်ပြန်ခြင်းနှင့် နိုင်ငံခြားဘဏ်များမှ ၁၃ ခုကို လုပ်ကိုင်ခွင့်များချပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပါသည်။
ဤကဲ့သို့ တိုးတက်မှုများလုပ်ဆောင်နေသော်လည်း လူတိုင်းအဆင့်အတန်းမှီမှီနေထိုင်ဖို့ကတော့ သိသိသာသာတိုးတက်လာခြင်းမရှိသေးပေ။
ထိပ်တန်းပုဂ္ဂလိက ဝင်ငွေ၏ အခွန်ကောက်ခံမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းဖြစ်၍ ထိပ်တန်းလုပ်ငန်းများ၏ အခွန်ကောင်ခံမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်း ရှိပြီး အခြားစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများမှလည်း အခွန်ကောက်ခံမှုများရှိပါသည်။
စုစုပေါင်းအခွန်ငွေကောက်ခံရရှိမှုသည် ပြည်တွင်းဝင်ငွေ စုစုပေါင်း၏ ၈ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပါသည်။ လွန်ခဲ့သော သုံးနှစ်ကျော်ကာလတွင် အစိုးရ၏ အထွေထွေအသုံးစရိတ်သည် နိုင်ငံ့ GDP ၏ ၂၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။
ဘတ်ချက်လိုငွေပြမှုကတော့ GDP၏ ၂ ဒသမ ၃ ရာခိုင်နှုန်းပျှမ်းမျှရှိ၍ ပုဂ္ဂလိကကြွေးမြှီကတော့ GDP ၏ ၃၅ ဒသမ ၈ ရာခိုင်နှုန်း ပျှမ်းမျှရှိပါသည်။
ကုန်သွယ်မှုစနစ်သည်လည်း မြန်မာနိုင်ငံအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိပြီး ပို့ကုန်နှင့် သွင်းကုန် ပေါင်းစပ်တန်ဖိုးမှာ နိုင်ငံ့ GDP ၏ ၄၃ ရာခိုင်နှုန်း အထိရှိပါသည်။
Source: the heritage foundation