နည်းပညာကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းရန် မြန်မာ့စီးပွားရေးဘဏ် ဖိတ်ခေါ်


18 July, 2018

ငွေကြေးဝန်ဆောင်မှုတွေကို ခေတ်မီနည်းပညာတွေ အသုံးပြုပြီးဆောင်ရွက်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်က ဖိတ်ခေါ်လိုက်ပါသည်။

လုံခြုံစိတ်ချပြီး စနစ်ကျတဲ့ နည်းပညာကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်က ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ငွေကြေးဝန်ဆောင်မှုတွေကို လက်တလောမှာ Myanmar Mobile Money (MMM) နဲ့ အကျိုးတူပူးပေါင်းထားကြောင်း၊ Point of Sale (POS) စက်တွေဖြင့် ငွေလက်ခံခြင်း၊ ငွေထုတ်ပေးခြင်း၊ တယ်လီဖုန်း Bil ဖြည့်ပေးခြင်း၊ Bank to Business Transfer (B2B) ၊ အငြိမ်းစားလစာထုတ်ပေးခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း ၂၈၁ ဘဏ်မှာ Cash Point အဖြစ် MPT, MecTel, Mytel အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုတွေကို ပေးလျက်ရှိကြောင်း သိရပါသည်။

နောက်ထပ်အနေဖြင့် မည်သည့် Simcard အသုံးပြုသူမဆို ခေတ်မီနည်းပညာတွေ အသုံးပြုပြီးတော့ မိုဘိုင်းဝန်ဆောင်မှုတွေကို ပေးဖို့အတွက် ရည်ရွယ်ကာ Wave Money, OK$ တို့နဲ့လည်း အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့အတွက် စီစဉ်နေကြောင်း သိရပါသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသော နည်းပညာကုမ္ပဏီတွေ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

Internet Journal

Banking & Loan Read 613 times