မြန်မာ့ကုန်ထုတ် ကဏ္ဍတိုးတက်မှု မေလတွင် ကျဆင်းခဲ့သော်လည်း အာဆီယံ၌ ဒုတိယနေရာ၌ရှိ


07 June, 2017

 မြန်မာနိုင်ငံ၏ကုန်ထုတ် မှုကဏ္ဍသည် မေလက တိုးတက်မှုအရှိန်အဟုန်ကျဆင်းခဲ့ကြောင်း ဂျပန် Nikkei နှင့် HIS Markit တို့ ဇွန်လ ၁ ရက်က ပူးပေါင်းထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထား သည်။

ဝယ်ယူရေးမန်နေဂျာများ၏ ညွှန်းကိန်း(PMI)ဟု ခေါ်သည့် ကုန်ထုတ်လုပ်မှုကို တိုင်းတာ သည့် စစ်တမ်းတွင် မြန်မာနိုင်ငံ သည် ပြီးခဲ့သည့် ဧပြီက ၅၂ ဒသမ၉ ရှိသော်လည်း မေလတွင် ၅၂ သာ ရရှိခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ အရှိန်ကျဆင်းလာ ခြင်းသည် ထုတ်ကုန်နှင့် ကုန် ပစ္စည်းမှာယူသည့် အော်ဒါသစ် များ တိုးတက်မှု နှေးကွေးလာခြင်း၊ ပြည်ပသို့ ရောင်းချခြင်း၊ တိုးတက်မှု ရပ်တန့်လာခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။

ယင်းစစ်တမ်းတွင် မြန်မာနိုင်ငံနည်းတူ အာဆီယံနိုင်ငံအများစု တွင်လည်း မေလအတွင်းက ကုန် ထုတ်မှုအရှိန်အဟုန်ကျဆင်းခဲ့ပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူ နိုင်းနိုင်ငံများမှ အပ အာဆီယံနိုင် ငံ ခုနစ်နိုင်ငံကို စစ်တမ်းလေ့လာ ခဲ့သည်။

ထိုစစ်တမ်း၌ ဖိလစ်ပိုင်နိုင်ငံ သည် ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့ ပြီး အာဆီယံနိုင်ငံများတွင် ထိပ် ဆုံး၌ ရှိနေကာ မြန်မာနိုင်ငံသည် ကုန်ထုတ်မှုအရှိန်အဟုန် ကျဆင်း ခဲ့သော်လည်း ဒုတိယနေရာတွင် ရှိနေသည်။

 စက်မှုကုန်ထုတ်မှု ကဏ္ဍ တွင် တိကျခိုင်မာသော အချက် အလက်၊ အချိန်အခါနှင့် ပတ် သက်ပြီး စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ဆုံးဖြတ်ချက်များချ နိုင်ရန်နှင့် ဈေးကွက်ဝယ်ယူရေး ပိုမို တိကျစေရန် ရည်ရွယ်၍ နိုင်ငံ အလိုက် ကုမ္ပဏီများကို လစဉ် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

စစ်တမ်းကောက်ယူရာတွင် ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ် ရေး၊ လက်လီအရောင်းဈေးကွက် နှင့် ဝန်ဆောင်မှုကဏ္ဍများ၌ ထုတ် ကုန် ပမာဏ၊ အဝယ်အော်ဒါ၊ စတော့ရှယ်ယာနှင့် အလုပ်သမား များအပေါ် မူတည်၍ အချက်အ လက်ကောက်ယူခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါစာတမ်းတွင် စက်မှုကုန်ထုတ်လုပ်ငန်း၂,၁၀၀ ခန့်ကို ကိုယ်စားပြုသည့် Panel အဖွဲ့၏စစ်တမ်းများ၊ အာဆီယံနိုင်ငံများ၏ အမျိုးသားအဆင့် ကိန်းဂဏန်းများ ပါဝင်တွက် ချက်ထားကြောင်း ဆိုသည်။ အာ ဆီယံစက်မှုကုန်ထုတ်လုပ်ငန်း လုပ်ဆောင်ချက်ခန့်မှန်းခြေ ၉၈ ရာခိုင်နှုန်းလည်း ပါဝင်သည်ဟုဆို သည်။

HIS Markit သည် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လည်ပတ်စေရန် လုပ်ငန်းများနှင့် ဈေးကွက်များအတွက် အရေးကြီး သော သတင်းအချက်အလက် များ၊ သုံးသပ်ချက်များနှင့် ဖြေရှင်း ချက်များအတွက် ဦးဆောင်သု တေသနပြုလုပ်နေသည့်အဖွဲ့အ စည်းဖြစ်ပြီး Nikkei သည် ဂျပန် နိုင်ငံမှ စီးပွားရေးလုပ်ငန်းသတင်း မီဒီယာအဖွဲ့အစည်းဖြစ်သည်။

Local News Industry Reviews Read 1572 times