မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ


15 March, 2018

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၉၆၀ ဒသမ ၃၃၄ သန်းရှိပြီး ဖေဖော်ဝါရီလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၃၀၇ ဒသမ ၉၅၀ သန်းရှိသဖြင့် ဖေဖော်ဝါရီတစ်လအတွင်းပင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၄၇ ဒသမ ၆၁၆ သန်း ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ခွင့်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၅ ဘီလျံကျော်ရှိပြီး တရုတ်နိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံးဖြစ်ကြောင်း သိရပါသည်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအား ပြည်သူများအကျိုးကျေးဇူး ဖြစ်ထွန်းစေရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏမှာ ၂၀၁၀-၂၀၁၁ တွင် ဒေါ်လာ ၁၉၉၈ ဒသမ ၉၆၅သန်း၊ ၂၀၁၁-၂၀၁၂ တွင် ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း၊ (ယခင် အစိုးရ လက်ထပ်)၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ တွင် ဒေါ်လာ ၄၁၀၇ ဒသမ ၀၅၅ သန်း၊ ၂၀၁၄-၂၀၁၅ တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ တွင် ဒေါ်လာ ၉၄၈၅ ဒသမ ၆၂၃ သန်း၊ (NLD အစိုးရလက်ထပ်)၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ဒေါ်လာ ၅၃၀၇ ဒသမ ၉၅၀ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ခွင့်ပြုထားသည့် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၅၆၂၁ ဒသမ ၈၇၄ သန်းရှိကြောင်း သိရပါသည်။

Source: Eleven

Investment/Divestment Read 1461 times