မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်များတင်ပို့လျက်ရှိရာယခုအခါဆန်အိတ်များတင်ဆောင်သည့်ကုန်တင် ကုန်ချသင်္ဘောကြီးများမှာ အပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်လျက်ရှိကြောင်းသိရပါသည်။
ပြည်ပနိုင်ငံများသို့ပို့ဆောင်သည့်ဆန်းများမှာ ဧရာဝတီတိုင်းဒေသကြီးမှ၂၅မတ်အမျိုးအစားအများဆုံးဖြစ်ပြီး ပြည်ပနိုင်ငံများက ခုံမင်နှစ်သက်စွာ စားသုံးကြကြောင်း၊ယခုအခါ မြန်မာ့ဆန်ကိုအာဖရိကနိုင်ငံများက လွန်စွာကြိုက်နှစ်သက်လာကြကြောင်းနှင့် ယခုနှစ်တွင်မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများမှာလည်း ကုန်သည်များဝယ်ယူမှုပိုမိုများပြားလာသောကြောင့် ဝင်ငွေပိုမိုရရှိခဲ့ကြကြောင်း သိရပါသည်။
ဆန်အိတ်များသယ်ဆောင်သည့်ကုန်တင်၊ ကုန်ချသင်္ဘောကြီးများ၏ ရန်ကုန်ဌာနကိုယ်စားလှယ် ကပ္ပတိန်တစ်ဦးက သင်္ဘောကြီးတွေမှာဆန်အိတ်တွေတစ်ရက်ကိုတန်ချိန်၃၃၀၀ အထိရအောင်တင်ဆောင်နေသောကြောင့် ရန်ကုန်မြစ်ရေကိုရေစူးအနက် ၉ ဒသမ ၅ မီတာနဲ့၁၀ မီတာကြားတူးဖော်ပေးနိုင်မယ်ဆိုလျှင် သင်္ဘောတန်ချိန်၄၅၀၀၀အထိသယ်ဆောင်နိုင်မှာဖြစ်၍ တန်ချိန်များများတင်နိုင်မယ်ဆိုရင် ကုန်သည်တွေအနေနဲ့ သယ်သူပို့ဆောင်စရိတ်လျော့နည်းလာမှာဖြစ်ပြီး တောင်သူလယ်သမားတွေဆီက ဝယ်ယူတဲ့ဈေးနှုန်းတန်ဖိုးကိုလည်း မြှင့်တင်ဝယ်ယူနိုင်မှာဖြစ်သောကြောင့် မြန်မာနိုင်ငံရဲ့အနာဂတ်ကာလအတွက်လည်း ကုန်စည်ပို့ဆောင်မှုအခန်းကဏ္ဍပါတွင်ကျယ်လာမှာဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ ရေစူးကို၁၀ ဒသမ ၅ မီတာအနက်လောက်တူးဖော်ပေးစေလိုကြောင်း သို့မှသာကုန်တင်၊ကုန်ချသင်္ဘောကြီးတွေဟာ အဆက်မပြတ်အတွက် ဝင်ငွေလည်းတိုးတက်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။
ဆန်အိတ်များတင်ဆောင်သည့်ကုန်တင်၊ ကုန်ချသင်္ဘောကြီးများမှာ အနောက်အာဖရိကနိုင်ငံရှိမြို့များသို့ သွားရောက်ဖြန့်ဖြူးလျက်ရှိပြီး အနောက်အာဖရိကနိုင်ငံရှိမြို့များမှာ မြန်မာနိုင်ငံကဲ့သို့ ဆန်ကိုသာအဓိကအားထားစားသုံးနေရကာ လူဦးရေထူထပ်များပြားသဖြင့် စားသုံးမှုလိုအပ်ချက်များပြားသဖြင့် စားသုံးမှုလိုအပ်ချက်များရှိနေသောကြောင့် အာရှနိုင်ငံများဖြစ်သည့်မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများမှာယူတင်သွင်းနေရကြောင်း သိရပါသည်။
မြန်မာ့ဆန်တင်ပို့ဖြန့်ဖြူးနေမှုမှာ တစ်တန်လျှင်ဈေးနှုန်း ဒေါ်လာ ၃၄၀ အထိ တင်ဆောင်ပါက ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးဝင်ငွေရရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများကဲ့သို့ ရေစူးနက်ကိုတူးဖော်နိုင်ပါက တန်ချိန်များပြားစွာတင်ဆောင်နိုင်မည်ဖြစ်ကြောင့် နိုင်ငံတော်အတွက် ဝင်ငွေပိုမိုရရှိလာနိုင်မယ်လို ပြောကြားခဲ့ပါသည်။
Daily Eleven