မြန်မာနိုင်ငံအတွင်းသို့ ကိုရီယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမို၀င်ရောက်လာစေရန်အတွက် မြန်မာ-ကိုရီးယား လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားကို ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်ခဲ့ပါသည်။
ကိုရီးယားတွေက အခြေခံအဆောက်အအုံအပိုင်းကို စိတ်ဝင်စားသလို ကုန်ထုတ်လုပ်ငန်းတွေကိုလည်း စိတ်ဝင်စားကြောင်း သိရပါသည်။
ကိုးရိးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားမှုသည် ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ဒေါ်လာ နှစ်ဘီလျံကျော်ဝင်ရောက်မှုဖြင့် အများဆုံးဖြစ်ခဲ့သည်။
ထို့နောက်ပိုင်းတွင်မူ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း ကျဆင်းခဲ့ကြောင်းသိရပါသည်။
ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံမှ ကုမ္ပဏီပေါင်း ၅၆၀ခန့် လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။