မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်း ၁၈၅၂၆ ခုဖန်တီးပေးနိုင်ခဲ့ကြောင်း အဆိုပါကော်မရှင်ထံမှ သိရပါတယ်။'
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုမှုနှင့် အတည်ပြုမှု စုစုပေါင်း ၃၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၈၁၁ သန်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈၅၂၆ ခုဖန်တီးပေးနိုင်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၇၄၂ ဒသမ ၃၅၃ သန်းရှိခဲ့သည်။ ထို့အပြင် သီလဝါစီးပွားရေးဇုန်၌ အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၅၄၀ သန်းဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၇၈၉ ဒသမ ၈၉၃ သန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ၁၈၅၂၆ ခုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
Myanmar Time