မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် သဘောတူကွဲလွဲမှု ဖြေရှင်းရေးအတွက် ဥပဒေများ၊ စည်းမျဉ်းများ၊ ယန္တရားများ လုံလောက်မှုမရှိခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း SPGM (Shareholder Protection Group Myanmar) အဖွဲ့၏ ထုတ်ပြန်ချက်အရသိရပါသည်။
နိုင်ငံခြားကုမ္ပဏီများကြံုတွေ့နေရသည့် အခက်အခဲများတွင် စိတ်ချရပြီး ကျွမ်းကျင်သော ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများအား ရှာဖွေရခက်ခဲခြင်း၊ ပြည်တွင်းမိတ်ဖက်များ ကုမ္ပဏီများ၏ နိုင်ငံတကာစီးပွားရေးစံနှုန်းများနှင့် ထိုပြည်တွင်ကုမ္ပဏီများအား ထိန်းချုပ်နိုင်သောစနစ်မရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး၊ ဘဏ္ဍာရေးပြဌာန်းချက်များ သို့မဟုတ် အစိုးရကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများ မရှိခြင်းတို့မှာလည်း ကြံုတွေ့နေရသည့်အခက်အခဲများဖြစ်ကြောင်း သိရပါသည်။
အစုရှယ်ယာရှင်နှင့် ရင်းနှီးမြှုပ်နှံသူ ကာကွယ်ရေးများဖြစ်သော SPGM အနေဖြင့် စုစုပေါင်းရှယ်ယာထက် တစ်ဝက်အောက်မြှုပ်နှံသော အစုရှယ်ယာရှင်များနှင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်များ၏ အကျိုးစီးပွားကာကွယ်ရေးအတွက် အကျိုးအမြတ်မဟုတ်သော ပုဂ္ဂလိကအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံ၏ ဥပဒေနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားမှ အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းနှင့် နိုင်ငံခြားကော်ပိုရေးရှင်းများ၏ မမျှတသောလုပ်ငန်းဆောင်ရွက်ချက်များနှင့် မသမာမှုများကို စောင့်ကြည့်ထိန်းချုပ်နိုင်မည်ဟုလည်းဆိုသည်။
နိုင်ငံခြားနှင့် ပြည်တွင်းကုမ္ပဏီများ၏ မမျှတသောလုပ်ရပ်များအား ကာကွယ်တားဆီးမည်ဖြစ်ကြောင်း SPGM မှ သိရပါသည်။
ကုမ္ပဏီ၏ တာဝန်ယူမှုနှင့်အတူ အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ ကာကွယ်စောင့်ရှောက်ရန်ကိစ္စသည် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးကြီးဆုံးဖြစ်ကြောင်းသိရသည်။
အစိုးရတစ်ဖွဲ့တည်းဖြင့် ယိမ်းယိုင်ချိနဲ့နေသော ငွေကြေးကုန်ကျမှု၊ပုဂ္ဂလိကကဏ္ဍမှစိတ်ပါဝင်စားမှုအားနည်းခြင်း၊ အကြောင်းပြချက်ကောင်းများပြပြီး အတူပူးပေါင်းစွန့်စားမှုကို မထမ်းဆောင်နိုင်ခြင်း စသည်တို့က တက်ကြွသော ပြည်တွင်းလုပ်ငန်းရှင်များ၏ ပူးပေါင်းမှုနှင့်အတူ ဆောင်ရွက်မှသာ ရှေ့သို့တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုုပ်နှံမှုမှာ ပျမ်းမျှ ဒေါ်လာ ၅၅၆ ဒသမ ၁၉ သန်းရှိခဲ့ရာမှ ၂၀၁၆ခုနှစ် မေလတွင် ဒေါ်လာ ၃၈၂၁ ဒသမ ၉၁ သန်းအထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ခုနှစ် တတိယသုံးပတ်ကုန်ဆုံးချိန်တွင် FDI မှာ ဒေါ်လာ ၆၁၆ သန်းရှိမည်ဟု ခန့်မှန်းကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း GDP မှာ ၂၀၁၂တွင် ဒေါ်လာ ၁၁၈၂၊ ၂၀၁၃တွင် ဒေါ်လာ ၁၁၈၀၊ ၂၀၁၄ခုနှစ်တွင် ဒေါ်လာ ၁၂၇၅၊ ၂၀၁၅ခုနှစ်တွင် ဒေါ်လာ ၁၁၈၄၊ ၂၀၁၆ခုနှစ်တွင် ဒေါ်လာ ၁၂၆၉ စသည်ဖြင့် အသီးသီးရှိခဲ့ကြောင်း သိရသည်။
Source:daily eleven journal