မြန်မာ- ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှု ပထမနှစ်လ


02 August, 2018

ဘဏ္ဍာရေးနှစ်ရဲ့ ပထမ နှစ်လအတွင်း မြန်မာနိုင်ငံနှင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀၉ မီလီယံသို့ရောက်ရှိနေပြီးနိုင်ငံပိုင်သတင်းအရ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၁ မီလီယံ ကျဆင်းနေကြောင်း တွေ့ရပါသည်။

ယခုနှစ်၏ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ မြန်မာနိုင်ငံ၏ သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ကျော်လွန်ခဲ့ကြောင်း သိရပါသည်။

ကုန်သွယ်မှုတန်ဖိုး

****************

ယခုနှစ် ဧပြီလနှင့် မေလများတွင် မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ မီလီယံ တင်ပို့ခဲ့ပြီး ကိုရီးယားမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၅ မီလီယံ တင်သွင်းခဲ့ပါသည်။

ယခင်နှစ် ဧပြီလနှင့် မေလများတွင် မြန်မာ-ကိုရီးယား ကုန်သွယ်မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၅ မီလီယံရှိ၍ ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃ မီလီယံ နှင့် သွင်းကုန်ပမာဏ ၈၃ ဒသမ ၂ မီလီယံ ရှိခဲ့ကြောင်းသိရပါသည်။

နှိုင်းယှဉ်ခြင်း

***********

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယခုနှစ်၏ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃ မီလီယံ တိုးတက်လာခဲ့ပြီး သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ မီလီယံ လျှော့ကျသွားကြောင်း တွေ့မြင်ရပါသည်။

Source Mizzima

Export, Import Read 613 times