ကုန်စည်များအပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် ညွှန်ကြားချက်များကို ကုန်စည်အမျိုးအစား (၉)ခုတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန အောက်တိုဘာလ၂၆ရက် သတင်းထုတ်ပြန်ချက်အရသိရသည်။
ဦးစားပေးကုန်စည်များတွင်အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများ ၊ဓါတုဗေဒပစ္စည်းများနှင့် အလှကုန်ပစ္စည်းများပါဝင်သည်။
စားသောက်ကုန်များ၌ အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့် နို့ထွက် ပစ္စည်းအမျိုးမျိုး၊ အသားနှင့် အသားထွက်ပစ္စည်းအမျိုး၊ အသားနှင့် အသားထွက်ပစ္စည်းအမျိုးမျိုး၊ ဥနှင့် ဥထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ် အစားအစာအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ အသင့်စား ခေါက်ဆွဲထုပ်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျို း၊ ဟင်းလျာများတွင် အရောင်းအနံ့အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုး၊ အသင့်စားအမျိုးမျိုး၊ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုကွမ်းစားဆေးအမျိုးမျိုး၊ ဆေးလိပ်အမျိုးမျိုး၊ ယမ ကာအမျိုးမျိုး၊ အခြားပြုပြင် ထုပ်ပိုး/ထုတ်လုပ်ထားသော စားသောက်ကုန်အမျိုး) စသည်တို့ ပါဝင်ကြောင်း သိရသည်။
အိမ်သုံးပစ္စည်းများ၌ အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရွန်း နစ်ပစ္စည်းအမျိုးမျိုး၊ ကလေးအသုံးအဆောင် ပစ္စည်းများ၌ ကလေးလက်တွန်းလှည်း၊ ကလေးလမ်းလျှောက်ကွင်း၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုး၊ ကလေးပုခက်အမျိုးမျိုး၊ ကလေးတစ် ကိုယ်ရေသန့်ရှင်းရေးပစ္စည်းအမျိုးမျိုး ၊ဆက်သွယ်ရေးသုံး ပစ္စည်းများ၌ ကြိုးဖုန်း သို့မဟုတ် ကြိုးမဲ့ဖုန်းအမျိုးမျိုး ၊ လက်ကိုင်ဖုန်း နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ၊ လူသုံးကုန်ပစ္စည်းများ၌ သွားတိုက်ဆေးအမျိုးမျိုး ၊ ဆပ်ပြာအမျိုးမျိုး၊ ဆေးနှင့်ဖြည့်စွက်စာများ၌ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးအမျိုးမျိုး ၊အာဟာရဖြည့်စွက်စာအမျိုးမျိုး ၊ တိုင်းရင်းဆေး အမျိုးမျိုးတို့ပါဝင်သည်။
ထို့ပြင် ဓာတုဗေဒပစ္စည်းများ၌ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာအမျိုးမျိုး ၊ပိုးသတ်ဆေးအမျိုးမျိုး ၊စားသောက်ကုန် ၊လူသုံးကုန် အလှကုန်များတွင် အသုံးပြုသော ဓာတုပစ္စည်းအမျိုးမျိုး ၊အလှကုန် ပစ္စည်းများ၌ အလှကုန်ပစ္စည်းအမျိုးမျိုး ၊ဆံပင်ပြုပြင်ရန်သုံးစွဲသည့် ပစ္စည်းအမျိုးမျိုး ၊လုပ်ငန်းသုံးပစ္စည်းကိရိယာ များတွင် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာအမျိုးမျိုး ၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ပါဝင်ကြောင်းသိရသည်။
အဆိုပါ အမိန့်ကြော်ငြာစာကို စတင်ထုတ်ပြန်သည့်နေ့မှစ၍ (၆)လနောက်ပိုင်း လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ပြီး ယင်းအမိန့်ကြော်ငြာစာကို အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
၎င်းကုန်ပစ္စည်းများနှင့်ပတ်သတ်ပြီး သတ်မှတ်ကာလအတွင်း လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ပေးရေး ဥပဒေအရ စီမံခန့်ခွဲရေးပြစ်ဒဏ်ဖြင့်လည်းကောင်း၊ ထောင်ဒဏ် (သို့ မဟုတ်) ငွေဒဏ်ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။