မြန်မာအမျိုးသားလေကြောင်း ပုံသေပိုင်ပစ္စည်းတန်ဖိုး တိုးတက်လာ


23 May, 2018

မြန်မာအမျိုးသားလေကြောင်းသည် ကော်ပိုရေးရှင်းအသွင်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ယခင်က ပုံသေပိုင်ပစ္စည်း တန်ဖိုး ၉၈ ဘီလျံသာရှိခဲ့ရာမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၀၂ ဘီလျံ ရှိလာသဖြင့် နိုင်ငံတော်က ၂၀၄ ဘီလျံ တိုးမြင့်ပိုင်ဆိုင်လာခဲ့ကြောင်း ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များအား ပုဂ္ဂလိက ပါဝင်မှုပြုခြင်း၊ ပြည်တွင်းလေဆိပ်များ အဆင့်မြှင့်တင်နိုင်ခြင်းတို့ကြောင့် လေကြောင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောခဲ့ပါသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၈၇,၂၇၂ ဦး ရရှီ ခဲ့ပြီး၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁,၀၂၇,၉၀၄ ဦးရရှိခဲ့သဖြင့် ယခင်နှစ်ထက် နှစ်ဆခန့်ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁,၄၂၅,၄၃၉ ဦးထိ တိုးတက်ရရှိခဲ့ကြောင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်မှုမှာလည်း ၂၀၁၆ - ၂၀၁၇ တွင် အမေရိကန်ဒေါ်လာ ၁၀၃ သန်း၊ ၂၀၁၇ - ၂၀၁၈ တွင် ၁၀၄ သန်း ရှာပေးနိုင်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုသို့တိုးတက်လာသော လေကြောင်းသွားလာမှုအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီ လေဆိပ်တစ်ခုကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းခန့်ဝင်ထွက် အသုံးပြုနိုင်စေရန်နှင့် အဆင့်လိုက် ထပ်မံ တိုးချဲ့ဆောင်ရွက်နိုင်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအဖြစ် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းအားအကောင်အထည်ဖော်လျက်ရှိကြောင်း၊ လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာနသည် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ရန် ပြည်တွင်း လေကြောင်းလမ်း ၃၆ ခု၊ ပြည်ပ လေကြောင်းလမ်း ၂၀ ခုတို့အား ၂၄ နာရီတာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ပေးလျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့ပါသည်။

Source: Xinhua Myanmar

Local News Read 659 times