၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(ဧပြီလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၀၅၇၀နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၆၄၇ သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၂၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
ယခင်နှစ်ကာလတူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်(ဧပြီလမှ ဒီဇင်ဘာလထိ)တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၇၆၅ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၆၁၇ သန်း ဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၃၈၂ သန်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက်
ပို့ကုန်တွင် ဒေါ်လာ ၁၈၀၅ သန်း၊ သွင်းကုန်တွင် ဒေါ်လာသန်း ၂၀၃၀ ပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၃၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်ပို့နိုင်ခဲ့သည်-
ပြည်ပမှသွင်းကုန်တင်သွင်းမှုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(ဧပြီလမှ ဒီဇင်ဘာလထိ) သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃.၆ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူ သွွင်းကုန်တန်ဖိုးငွေဒေါ်လာ ၁၁.၆ ဘီလီယံရှိသည့်အတွက် သွင်းကုန်တန်ဖိုးဒေါ်လာ ၂ ဘီလီယံ ပိုမိုဆောင်ရွက်ခဲ့သည်။
ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုလိုက်တင်သွင်းမှုကို ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်သွင်းနိုင်ခဲ့သည်-