ကမ်းလှမ်းမှုများနှင့် မြန်မာ့ဆန်


25 May, 2018

မြန်မာနိုင်ငံမှ ဆန်ဝယ်ယူလိုကြောင်း ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုးထားပြီး ကျန်တဲ့နိုင်ငံတွေကတော့ ကမ်းလှမ်းထားတာရှိသလို ယခု နီပေါနိုင်ငံကလည်း ကမ်းလှမ်းထားတာမျိုးတွေ သီရိလင်္ကာလည်း ကမ်းလှမ်းထားတာတွေရှိနေသည်ဟု ၎င်းကပြောခဲ့ပါသည်။

ထိုကဲ့သို့ ကမ်းလှမ်းမှုများရှိသော်လည်း မည်သည့်ဈေးနှုန်း နှင့် တန်ချိန်မည်မျှဝယ်ယူမည်ကို ညှိနှိုင်းဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန် ချိန် ၃ ဒသမ ၅ သန်းကျော် တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၄ သန်း ပြည်ပတင်ပို့ ရန် လျာထားကြောင်း သိရပါသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ အရည်အသွေးမြင့်ထုတ်ကုန်များကို ပို့ကုန် အမည်သစ်များအဖြစ် တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်နေပြီး လက်ရှိတွင် ထောပတ်သီး၊ ကော်ဖီနှင့်ပတ်သက်၍ ကုန်စည် ပြပွဲများ ပြုလုပ်နေကြောင်း ၎င်း ကပြောခဲ့ပါသည်။

Source: 7 day daily

Export, Import Read 664 times