လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၄၃၈၀၀၀ ကျော်တင်ပို့ထားပြီး ပုဇွန်တင်ပို့မှု တန်ချိန် ၁၃၀၀၀ ကျော်ရှိကာ ၎င်း၏သုံးပုံတစ်ပုံမှာ ဂျပန်စျေးကွက်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ရ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးရုံးတွင် ကျင်းပသည့် မြန်မာ့ပုဇွန်နှင့် ဂျပန်စျေးကွက်အခြေအနေ လေ့လာမှုသုတေသနစာတမ်းဖတ်ပွဲမှ သိရသည်။
၂၀၁၆-၂၀၁၇ ခုနှစ်တွင် မက်ထရစ်တန် ၄၃၈၀၀၀ ကျော်ထုတ်ခဲ့၍ ၀င်ငွေ ၆၀၅ ဒသမ ၈၂ သန်းရခဲ့ပြီး ပုဇွန် က ၁၃၀၀၀ ကျော်ရှိခဲ့၍ ၀င်ငွေ ၅၈ သန်းကျော်ရရှိခဲ့ပြီး အများစုမှာ ဂျပန်စျေးကွက်သို့ တင်ပို့ရသောကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ယခုနှစ် ဇန်နဝါရီလကုန်အထိ ရေထွက်ပစ္စည်းတင်ပို့ခြင်းကို ၄၃၈၀၀၀ကျော် တင်ပို့ထား၍ ရငွေသန်းပေါင်း ၅၆၉ သန်း ရရှိနေပြီး နှစ်ကုန်ပိုင်းတွင် သန်း ရ၀၀နီးပါးရရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
ဂျပန်စျေးကွက်သို့ မြန်မာ့ပို့ကုန် ပုဇွန်တင်ပို့မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ်တွင် တန်ချိန် ၅၁၆၈ ဒသမ ၂၆၁၊ တန်ဖိုးဒေါ်လာ ၃၁ ဒသမ ၉၈၆သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်တွင် တန်ချိန် ၅၂၆၅ ဒသမ ၅၅၁၊ တန်ဖိုးဒေါ်လာ ၂၁ သန်းကျော်ကိုလည်းကေင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ်တွင် တန်ချိန်ပေါင်း ၄၇၇၂ ဒသမ ၂၇၇ကိုလည်းကောင်း၊ တန်ဖိုးဒေါ်လာ ၁၅ ဒသမ ၅၆၂ သန်းကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် ၃၈၇၀ ဒသမ ၁၂၄ သန်း၊ တန်ဖိုးဒေါ်လာ ၁၃ ဒသမ ၅၉၄သန်းကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်တွင် ၄၃၉၇ ဒသမ ၀၈၉၊ တန်ဖိုးဒေါ်လာ ၁၈ ဒသမ ၉၁၆ သန်းကိုလည်းကောင်း အသီးသီးတင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်ထိ ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ဂျပန်စျေးကွက်သို့ ပုဇွန်တင်ပို့မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်အတွင်း အနိမ့်ဆုံးအတွင်း အနိမ့်ဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ပုဇွန် အပါအဝင် ရေထွက်ထုတ်ကုန်ပစ္စည်းတင်ပို့နေသည့် ပမာဏက အိမ်နီးချင်းနိုင်ငံများမှ တင်ပို့သောပမာဏနှင့်နှိုင်းယှဉ်ပါက အလွန်နည်းနေသေးကြောင်း၊ ထို့ကြောင့်တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါသည်။
ထိုကဲ့သို့ ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းရှင်များကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနကလည်း ချေးငွေများထူတ်ချေးပေးရန် စီစဉ်လျက်ရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။