မြန်မာ့မွေးမြူရေးငါးများ မေ ၁ ရက်မှ စ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရရှိ


27 April, 2019

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မေ ၁ ရက်မှစတင်ပြီး မြန်မာ့မွေးမြူရေးငါးများ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြား EU နိုင်ငံများသို့ မွေးမြူရေးငါး တင်ပို့ခွင့်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်က EU Website မှာ ကြေညာထားပေမယ့်လည်း အဆိုပါနိုင်ငံများရဲ့ လိုအပ်ချက်အတိုင်း လုပ်ကိုင်ရတဲ့ အပိုင်းများရှိသဖြင့် မေ ၁ ရက်မှ စတင်ပြီး မွေးမြူရေးငါးများ တင်ပို့ခွင့်ရပြီး အီးယူ Website မှာလည်း တင်ပို့ခွင့်ရကြောင်း ဧပြီ ၁၈ ရက်က ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနသာၤရီတိုင်းဒေသကြီးတို့ရှိ မွေးမြူရေးကန် ၂၇ ကန်မှ ငါး၊ ပုစွန်၊ ကဏန်း စတဲ့ ရေထွက်ပစ္စည်း ၁၀ မျိုးကို စက်ရုံ ၁၇ ရုံမှ တင်ပို့ခွင့်ရရှိခြင်းဖြစ်ပါတယ်။

“မွေးမြူရေးငါး တင်ပို့ခွင့်ရဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ အာရှမှာတောင်မှ တင်ပို့ခွင့်ရရှိတဲ့နိုင်ငံ နည်းနည်းပဲရှိတယ်။ အီးယူအတွက်ကို ဈေးကွက်ပိုပွင့်တဲ့အတွက် ပြည်ပတင်ပို့မှု ပိုတက်လာမယ်လို့ မျှော်လင့်တယ်။ သဘာဝငါးကို တင်ပို့တာလည်း ရာခိုင်နှုန်း နည်းနည်းပဲရှိတယ်” လို့ ဦးသက်နိုင်က ပြောပါတယ်။


လက်ရှိတွင် သဘာဝမှရရှိတဲ့ မွေးမြူရေးငါးများကို စက်ရုံ ၂၃ ရုံမှ တင်ပို့လျက်ရှိပြီး အဆိုပါစက်ရုံများမှ ၁၇ ရုံက သဘာဝမှ ရရှိတဲ့ငါးအပြင် မွေးမြူရေးငါးပါ တင်ပို့ခွင့်ရရှိရန် စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဦးသက်နိုင်က အီးယူနိုင်ငံကို မွေးမြူရေးငါး တင်ပို့ခွင့်ရဖို့က ၂၀၁၄၊ ၂၀၁၅ ကတည်းက ကြိုးစားနေတာ။ အမျိုးသားဓာတ်ကြွင်း စောင့်ကြည့်မှုအစီအစဉ်ကို ဘရပ်ဆဲအထိ တင်ပြပြီးတော့ နှစ်တိုင်း မတ် ၃၁ ရက်မတိုင်ခင်ကို နှစ်စဉ်ထုတ်ကုန်စာရင်းနဲ့ လာမယ့်နှစ် အစီအစဉ်ကို အမြဲတမ်းတင်တယ်။ လေးနှစ်လောက်လုပ်ပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က မြန်မာနိုင်ငံ မွေးမြူရေးငါးတွေ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ပို့လို့ရတယ်ဆိုတာ သူတို့ Website မှာ ကြေညာတယ်လို့ ပြောပါတယ်။

သဘာဝမှရရှိတဲ့ မွေးမြူရေးငါးများကို ၂၀၁၇ ခုနှစ်ကတည်းက အီးယူနိုင်ငံပေါင်း ၂၈ နိုင်ငံမှ ၁၀ နိုင်ငံကို ငါး၊ ပုစွန် တင်ပို့ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါး၊ ပုစွန်တင်ပို့မှုတွင် ငါးအများဆုံးတင်ပို့နိုင်ခဲ့ရာ တန်ချိန် တစ်သောင်းကျော်နှင့် တန်ဖိုးအားဖြင့် ဒေါ်လာ သန်း၂၀ ကျော် တင်ပို့နိုင်တယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။

မေ ၁ ရက်မှာ စတင် တင်ပို့မယ့် မွေးမြူရေးငါး ( ၁ဝ )မျိုးမှာ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ခေါင်းပွ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဗီးရား၊ ပုစွန်ကြား၊ ပုစွန်ဖြူ၊ ဂဏန်းပျော့ဖြစ်ပြီး UK ၊ အီတလီ၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ နယ်သာလန်၊ ဆွီဒင်၊ ဂရိ၊ ဘယ်ဂျီယံ၊ ဂျာမနီ စတဲ့ နိုင်ငံများကို တင်ပို့မှာ ဖြစ်ပါတယ်။

Daily Eleven

Export, Import Read 1215 times