မြန်မာ့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော်ထိ လျော့နည်းလာ


04 April, 2019

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလ ( ငါးလတာကာလအတွင်း ) ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံကို အဓိကသွင်းကုန်အမျိုးအစား ( ၁၀ ) မျိုး တင်သွင်းထားပြီး သွင်းကုန်တန်ဖိုး စုစုပေါင်း အမေရိကန်ကန်ဒေါ်လာ  ၆၁၀.၆၃ သန်း ရှိပါတယ်။

အဆိုပါ အဓိကသွင်းကုန် ( ၁၀ ) မျိုးကတော့ ရေနံထွက်ပစ္စည်းများ၊ ချည်ထည်များ၊ စက်နှင့် စက်ပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းမာျး၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စားအုန်းဆီ နှင့် ဆေးဝါးပစ္စည်းများ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာမှ ရေနံထွက်ပစ္စည်းတွေကို အများဆုံး တင်သွင်းထားတာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂၀.၃၉၇ သန်း တန်ဖိုး ရှိပါတယ်။

ဒုတိယအနေနဲ့ ချည်ထည်များကို တင်သွင်းထားပြီး အမေရိကန်ဒေါ်လာ ၆၂.၉၃၈ သန်းရှိပါတယ်။ စက်နဲ့ စက်ပစ္စည်းတင်သွင်းမှုကတော့ အမေရိကန်ဒေါ်လာ ၆၀.၉၃၉ သန်း တန်ဖိုးရှိပါတယ်။

လေယာဉ်နှင့် လေယာဉ်ပစ္စည်းများက  အမေရိကန်ဒေါ်လာ ၄၆.၉၄၃ သန်း၊
သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများက  အမေရိကန်ဒေါ်လာ ၄၁.၂၅၉ သန်း၊
မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများက အမေရိကန်ဒေါ်လာ ၃၈.၀၂၂ သန်း၊
လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများက  အမေရိကန်ဒေါ်လာ ၃၇.၄၂၈ သန်း၊
ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများက အမေရိကန်ဒေါ်လာ ၃၆.၉၇၉ သန်း၊
စားအုန်းဆီက အမေရိကန်ဒေါ်လာ ၃၃.၁၉၃ သန်း၊
ဆေးဝါးပစ္စည်းများက အမေရိကန်ဒေါ်လာ ၃၂.၅၃၂ သန်း တန်ဖိုးရှိပါတယ်။

သွင်းကုန်အုပ်စုအနေနဲ့ ဆိုရင်တော့ အုပ်စု ၄ မျိုးရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ CMP  တို့ ဖြစ်ပါတယ်။

ယခုဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေ အများဆုံးတင်သွင်းထားပြီး အမေရိကန်ဒေါ်လာ ၂၁၅၇.၂၂၈ သန်း ရှိပါတယ်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက အမေရိကန်ဒေါ်လာ ၂၄၈၆.၉၃၆ သန်း၊ လူသုံးကုန်ပစ္စည်းက အမေရိကန်ဒေါ်လာ ၁၂၆၁.၆၀၆ သန်း၊ CMP  က အမေရိကန်ဒေါ်လာ ၈၈၅.၅၆၈ သန်း ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇၉၁.၃၃၈ သန်း ဖြစ်ပါတယ်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တုန်းကတော့ စုစုပေါင်း သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၀၇၀.၇၁၁ သန်းဖြစ်ပါတယ်။

ဒီပမာဏနှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ရင် သွင်းကုန်တန်ဖိုးဟာ  အမေရိကန်ဒေါ်လာ ၂၇၉.၃၇၃ သန်း လျော့နည်းလာတာကို တွေ့ရပါတယ်။

MYANTRADE

Export, Import Read 2830 times