ပြန်လည်စစ်ဆေးဖို့ လိုအပ်နေတဲ့ မြန်မာ့ဆန်တင်ပို့မှု မူဝါဒများ


27 April, 2019

ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ နိုင်ငံတကာ ဈေးကွက်များ၌ ခိုင်မာသည့်ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့်ဆန်များ၊ တင်ပို့နိုင်ရေး၊ ညှိနှိုင်း အစည်းအဝေးပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“ဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီးတော့ မူဝါဒကို အလုံးစုံ ပြန်လည်ဆန်းစစ်ဖို့ လိုတယ်။ Supply Change တစ်ခုလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြန်လည်ပြီးတော့ ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းစဉ်းစားဖို့လိုပါတယ်”လို့ ၎င်းက ပြောပါတယ်။

ထပ်မံ၍ ဦးအောင်သန်းဦးက လက်ရှိ ဆောင်ရွက်နေဆဲ ဆန်တင်ပို့မှုက အင်မတန်မှ စနစ်တကျ ဆောင်ရွက်နေမှုဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ကာလတွေမှာ ပြဿနာ တစ်စုံတစ်ခု မရှိခဲ့ခြင်းဖြစ်ပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဆန်စပါး အများဆုံး တင်သွင်းနေပြီး ဒုတိယအများဆုံး တင်သွင်းနေတဲ့ နိုင်ငံမှာ အာဖရိကဖြစ်ပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဆန်တန်ချိန် ၁.၉ သန်း တင်ပို့ထားပြီး အဲ့ဒီတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၈.၇၂၇ သန်း ရရှိထားပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုပမာဏဟာ အရင်ဘဏ္ဍာနှစ် တင်ပို့မှုထက် တန်ချိန် ၁.၂ သန်းကျော် လျော့နည်းခဲ့ပါတယ်။

The Voice

Export, Import Read 553 times