အကျိုးပြုလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်စေမည့် လူမှုဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဖိုရမ်


26 February, 2019

AVPN သည် တတိယအကြိမ်မြောက် မြန်မာနိုင်ငံတွင်း အကျိုးပြုလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရန် ဒေသတွင်း လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ယနေ့တွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဖိုရမ်သည် မတူညီသော စီးပွားရေးကဏ္ဍများအား ခွဲခြားသိရှိစေရန်၊ လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် အသုံးပြုသည့် နည်းလမ်းများအား ပိုမိုထိရောက်အကျိုးရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါဖိုရမ်အား တက်ရောက်သူများအနေဖြင့် လူမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့်သူများစွာနှင့် သီးသန့်တွေ့ဆုံနိုင်၍ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းသစ်များစွာ ရရှိစေနိုင်ပါမည်။ လူမှုရင်းနှီးမြှုပ်နှံသူများတွင် ကုမ္ပဏီများ၊ အကျိုးပြုရန်ပုံငွေ အဖွဲ့အစည်းများ၊ အစိုးရများ၊ ကြားခံချိတ်ဆက်ပေးသူများ အပြင် များစွာသော ရင်းနှီးမြှုပ်နှံသူများနှင့် ကူညီပံ့ပိုးပေးသူများစွာ ပါဝင်ပါသည်။

ထိုဖိုရမ်မှတစ်ဆင့် ပြည်တွင်းနှင့် နိုင်ငံတကာရှိပညာရှင်များ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အခွင့်အလမ်းများကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ပါသည်။

AVPN ၏ Chief Strategy Officer ဖြစ်သည့် Allison Hollowell က “ ၂၀၃၀ မှာ သတ်မှတ်ထားတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင်ဖို့ တစ်နှစ်ကို ဒေါ်လာသန်း ပေါင်းများစွာလိုအပ်ပါတယ်။ အကယ်၍ကျွန်ုပ်တို့ဟာ ဘဏ္ဍာရေးမိတ်ဖက်များနဲ့အတူ ပူးပေါင်းတာအပြင် တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းနိုင်မယ့် မိတ်ဖက်များနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုများမလုပ်ဆောင်ရင် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေကိုရရှိနိုင်မည်မဟုတ်ပါ။” ဟု ပြောကြားခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်ရှိသည့် ရင်းနှီးမြှုပ်နှံသူများသည် အများထက်ဦးစွာ လုပ်ဆောင်ရသည့်လုပ်ငန်းများကို စိတ်ဝင်စားမှုရှိကြောင်း၊ လက်ရှိစီးပွားရေးအခြေအနေအရ  အကျိုးသက်ရောက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အရေးပိုမိုရှိကြောင်း Allison Hollowell က သုံးသပ်ခဲ့ပါသည်။

ဤပွဲတွင် Allison Hollowell က moderator အဖြစ်ဆောင်ရွက်၍ City Mart ၏ CEO ဒေါ်ဝင်းဝင်းတင့်၊ Myanmar Investments International မှ ဒုတိယဥက္ကဌ ဦးအောင်ထွန်း၊ မလေးရှားမှ Dr. Melissa Foo နှင့် ဟောင်ကောင်မှ Francis Ngai တို့က ရင်းနှီးမြှုပ်နှံမှုအတွက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(International Finance Corporation), Insitor Impact Asia Fund , Anthem Asia, နှင့် ပြည်တွင်းစီးပွားရေးဈေးကွက်ကို ထိုးဖောက်လာသော ပုဂ္ဂလိကဘဏ္ဍာရေးမူ အခြေအနေများမှတစ်ဆင့် လုပ်ဆာင်ချက်များအား ခွဲခြားသတ်မှတ်လုပ်ဆောင်နိုင်မည့် စွန့်ဦးတီထွင်သူများလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါပွဲအပြီးတွင် AVPN ၏ ဒုတိယမြောက်  “ Social Investing Landscape in Myanmar Report ” ( မြန်မာ့လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ ) ကို ထုတ်ပြန်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှု ဆုပေးပွဲတွင် အကောင်းဆုံး အတွေးဦးဆောင်ဆုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ အခွင့်အလမ်းများကို ဤအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

AVPN သည် အာရှတစ်ဝှမ်း ပရဟိတနှင့် လူမှုရင်းနှီးမြှုပ်နှံမှု အသိုင်းအဝန်းများ တည်ထောင်ထားသော အထူးပညာရှင် ကွန်ရက်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝန်းအား ပိုမိုအင်အားတောင့်တင်းလာစေရန် နည်းလမ်းများကို ရှာဖွေနေပြီး စင်ကာပူ၊ ထိုင်း၊ အန္ဒိယ၊ မလေးရှား၊ မြန်မာ၊ ဟောင်ကောင် စသည့်နိုင်ငံများတွင် လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာကို ဆောင်ရွက်လျက် ရှိပါသည်။

Myanmar Industry Directory

Investment/Divestment Read 400 times