နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အထူးစီးပွားရေးဇုန်စီမံကိန်း ငါးခုမိတ်ဆက်


07 June, 2017

နေပြည်တော်၌ ဇွန်လ ၆ ရက်က ကျင်းပသည့် Myanmar Investment Forum တွင် အထူးစီးပွားရေးဇုန်စီမံကိန်း သစ် ငါးခုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံက စတင်မိတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံ၏ အထူးစီးပွား ရေးဇုန်များနှင့် စက်မှုဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့် အလမ်းများနှင့် ပတ်သက်၍ အဆိုပါ ဖိုရမ်ကိုနေပြည်တော် MICC II တွင် ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါဖိုရမ်တွင် လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် သုံးခုအပြင် အထူးစီးပွားရေးဇုန် ငါးခုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား စတင်မိတ်ဆက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦး က ‘‘ပုဂ္ဂလိကကဏ္ဍကနေပြီး သူတို့ ဖြစ်စေချင်တဲ့ဆန္ဒကို အဆိုပြုတာ ပါ။ အစိုးရဘက်ကတော့  SEZ (အထူးစီးပွားရေးဇုန်)နဲ့ ပတ်သက် ရင် သုံးခုပဲ ပြင်ဆင်ထားတာရှိပါ သေးတယ်။ ထပ်လုပ်ဖို့ လတ်တ လောအစီအစဉ်ကတော့ အစိုးရ က ဆုံးဖြတ်ထားတာမရှိသေးပါ ဘူး။ ဒီနေ့တင်ပြထားတာလေး တွေကတော့  သူတို့အနာဂတ်မှာ သူတို့မျှော်မှန်းထားတဲ့ SEZ တွေကိုတင်ပြထားတာပါ’’ဟု ဆိုသည်။

 အဆိုပါတင်ပြချက်များနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုကော် မရှင်သို့ လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း တင်ပြသည့် အဆင့်သာရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လက်ရှိအစိုးရက  အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များအပြင်  ထပ်မံတင်ပြလာသည့် အထူးစီးပွားရေးဇုန် ငါးခုသည်

မွန်ပြည်နယ်ဆိပ်ကမ်းသစ်နှင့် အထူးစီးပွားရေးဇုန်၊

မန္တလေးစက်မှုအထူးစီးပွားရေးဇုန်၊

 မြဝတီစက်မှုအထူးစီးပွားရေးဇုန်၊

ပဲခူးစက်မှုအထူးစီးပွားရေးဇုန်

နှင့် ဧရာဝတီရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။

  ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောထားသည့် ဒလအထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ ယခုဖိုရမ် တွင် တင်ပြလာခြင်းမရှိသေးပေ။ အဆိုပါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီး ချုပ် အစီအစဉ်ဖြင့်သာ အကောင်အထည်ဖော်သည့်အဆင့်သာရှိပြီး ကော်မရှင်သို့ တင်ပြလာသည့်

အဆင့်မရောက်သေးကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးတိုးအောင်မြင့်က ‘‘အပြင်မှာ ရင်းနှီးမြှုပ်နှံတာ မြေ ဈေးတွေကြီးနေရင် အထူးစီးပွား ရေးဇုန်များမှာ ရင်းနှီးမြှုပ်နှံကြပါ။ အမှန်တကယ်လုပ်ငန်းလုပ်မယ့် သူကို မြေငှားပေးဖို့ အစိုးရက စီစဉ်ထားပါတယ်’’ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်တစ်ခု တည်းသာ လုပ်ငန်းများစတင် လည်ပတ်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအ ထူးစီးပွားရေးဇုန်တို့သည် လုပ်ငန်း စတင်ရန် ဆွေးနွေးဆဲ အဆင့်သာ ရှိနေသေးသည်။

Investment/Divestment Read 5399 times