အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည်ငွေကြေးဖောင်းပွမှုနှုန်းအများဆုံးအဖြစ်ရပ်တည်နေ


16 May, 2018

၂၀၁၈ ခုနှစ်အအတွင်း စီးပွားရေးဆိုင်ရာအချက်အလက်များကို ADG မှထုတ်ပြန်ခဲ့ရာမှ မြန်မာနိုင်ငံ နှင့် အခြားအာရှနိုင်ငံများ၏ ရပ်တည်မှုကိုဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုတွင် ၆.၁ % ဖြင့်အများဆုံးအဖြစ် ထပ်ဆုံး၌ ရပ်တည်လျက်ရှိပြီး နောက်တွင် ဖိလစ်ပိုင်က ၄.၁ %၊ အင်ဒိုနီရှား ၃.၈%၊ ဗီယက်နမ် ၃.၇%၊ ကမ္ဘောဒီးယားက ၃.၂%၊ မလေးရှား ၂.၆%၊ လာအိုနိုင်ငံက ၂%၊ ထိုင်းနိုင်ငံက ၁.၂%၊ စင်ကာပူက ဝ.၉%၊ ဘရူနိုင်းက ဝ.၁ %ဖြင့် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကိုကြည့်မည်ဆိုပါက အခြေအနေကောင်းလာသည်ကို တွေ့ရပြီး ၂၀၁၅ ခုနှစ်က ၁၀ ရာခိုင်နှုန်းဖြင့်အမြင့်ဆုံးရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ကျဆင်းလာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းသို့ဆက်တိုက်ကျဆင်းလာပြီး ၂၀၁၈ ခုနှစ်တွင်တော့ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့အနည်းငယ် ရာခိုင်နှုန်းပြန်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်တော့ ၆ ရာခိုင်နှုန်းလောက်သာရှိတော့မည်ဟု ADB က ခန့်မှန်းထားခဲ့ပါသည်။

GDP တိုးတက်မှုတွင်မူမြန်မာနိုင်ငံသည် တတိယနေရာ လာအိုနိုင်ငံနှင့် ပူးတွဲရပ်တည်လျက်ရှိပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အပေါ်တွင် ဗီယက်နမ်က ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံက ၇ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏အောက်တွင် ဖိလစ်ပိုင်နိုင်ငံက ၆ ဒသမ ၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၄ ရာခိုင်နှုန်း၊ စင်ကာပူ ၃ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဘရူနိုင်းနိုင်ငံက ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် GDP တိုးတက်မှုနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၇ ရာခိုင်နှုန်းရှိခဲံပြီး ၂၀၁၆ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျသွားသော်လည်း ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ရောက်ရှိလာခဲ့ပြီး ၂၀၁၈ တွင်ပြောင်းလဲမှုမရှိဘဲ ၂၀၁၉ ခုနှစ်ရောက်မှသာ ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်း ADB က ခန့်မှန်းခဲ့ပါသည်။

Local News Read 6915 times