Myanmar Strategic Holdings နှင့် Myanmar Investment International Limited တို့ ရှယ်ယာရောင်းဝယ်ဖလှယ်ရန် သဘောတူညီချက် ရရှိ


15 August, 2020

Myanmar Strategic Holdings (MSH) သည် Myanmar Investment International Limited (MIL) တွင် ရင်းနှီးမြှုပ်နှံသူ Civetta Capital Ltd နှင့် MIL ရှယ်ယာ ၈၉၇,၅၀၀ ၀ ယ်ယူရန်သဘောတူညီမှုရရှိခဲ့ရာ စုစ

သို့ဖြစ်ရာ Civetta Capital သည် MSH တွင် အခရာကျသည် ရှယ်ယာပိုင်ရှင် ဖြစ်လာမည်ဖြစ်ပြီး MSH သည် MIL ၏ထုတ်ဝေသောရှယ်ယာ အရင်းအနှီး၏ ၂.၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်လိမ့်မည်။

အဆိုပါ သဘောတူညီချက်အရ လက်လွှဲပြောင်းမှုများသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ လကုန်တွင် ပြီးစီးမည်ဟု လျာထားသည်။

Civetta Capital သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၇ ခုနှစ်မှစ၍ MIL တွင် ပြုသည့် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။

MSH က MIL ကို အပြီးအပြတ် ဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးရာ၌ ငြင်းပယ်ခံရပြီး ယခုလို ရှယ်ယာများ တစ်စိတ်တစ်‌ဒေသကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၀၁၉ မှ စ၍ MIL သည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများ ထုခွဲရောင်းချခြင်းကို ဆောင်ရွက်ခဲ့သည်။ MIL သည် Medicare International Health and Beauty တွင် ဒေါ်လာ ၂.၁၅ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီးနောက်

MIL သည် Medicare International Health and Beauty တွင်အစုရှယ်ယာ ၄၈.၈ ရာခိုင်နှုန်း ပိုင်ဆိုင်မှုအတွက် အမေရိကန်ဒေါ်လာ ၂.၁၅ သန်းရင်းနှီးမြှုပ်နှံခဲ့ထားသည်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ရှယ်ယာများကို အမေရိကန် ဒေါ်လာ ၁ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။

လက်ရှိတွင် MIL သည် AP Towers Holdings တွင် ၄.၁ ရာခိုင်နှုန်းနှင့် Myanmar Finance International Limited (MFIL) တွင်ရှယ်ယာ ၃၇.၅ ရာခိုင်နှုန်း သွယ်ဝိုက်ရှယ်ယာပိုင်ဆိုင်ထားဆဲဖြစ်သည်။

MFIL ကို ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းမှ စားသုံးသူဘဏ္ဍာရေးကုမ္ပဏီ Thitikorn အား ရောင်းချရန် သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် MIL ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုမှာ တယ်လီကွန်း တာဝါတိုင် လုပ်ငန်းဖြစ်သည့် AP Towers တွင် အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။ လုပ်ငန်းတူများ ဖြစ်ကြသည့် Apollo Towers နှင့် Pan Asia Towers အကြားကုမ္ပဏီပေါင်းစည်းခြင်း၏ရလဒ်ကြောင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကြီးမားသွားရသည်။ MIL သည် ရန်ကုန်မြို့ရှိ ၎င်း၏ ရုံးခန်းကို ပိတ်သိမ်းခဲ့ပြီး ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

Ref: trustnet.com

Investment/Divestment Read 622 times