မြန်မာနိုင်ငံရှိ သီလဝါစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တက်နေ


07 March, 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုကို ခွင့်ပြုခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုကို အတည်ပြုခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုခဲ့သည့် လုပ်ငန်းလေးခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သော လုပ်ငန်းတစ်ခုရှိသဖြင့် အဆိုပါ အစည်းအဝေးကာလတွင် စုစုပေါင်းလုပ်ငန်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၀ ဒသမ ၃၃၆ သန်းကို ခွင့်ပြုခဲ့ပြီး ယင်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၅၂၀ ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ယခုခွင့်ပြုလိုက်သော လုပ်ငန်း ၁၁ ခု ၌ စက်မှုလုပ်ငန်းကဏ္ဍ ခုနစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍ နှစ်ခုနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ နှစ်ခုတို့ဖြစ်ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ခြင်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၅၀၈ ဒသမ ၄၅၃ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၁၇ သန်းဖြစ်ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူး စီးပွားရေးဇုန်တွင် ဒေါ်လာ ၃၆၆ ဒသမ ၅၃၀ သန်း ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၆၇၃ ဒသမ ၇၃၇ သန်းဖြစ်ကြောင်း သိရပါသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိအချိန်အထိ စီးပွားဖြစ်လည်ပတ်ထုတ်လုပ်နိုင်သည့် စက်ရုံ ၄၀ ခန့်သာရှိပြီး အဆိုပါစက်ရုံများမှ ပို့ကုန်အခြေအနေများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

Source: Eleven

Investment/Divestment Read 558 times