ရူပီ/ကျပ် တိုက်ရိုက်ပေးချေမှု လုပ်ဆောင်မည်
နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ သုံးစွဲခြင်းများအစား သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံသုံးငွေဖြင့် တိုက်ရိုက်ပေးချေခြင်းကို တရုတ်-မြန်မာနယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေခြင်းကို ၂၀၀၂ ဇန်နဝါရီလတွင်စတင်လုပ်ဆောင်ခဲ့ပါသည်။ ထို့နောက် မြန်မာ-ထိုင်းနယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးခြင်းကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။ ငွေပေးချေမှုများကို ငွေသားဖြင့် ပေးချေခြင်းအစား အွန်လိုင်းမှာ ငွေလွှဲပေးချေမှုများဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။
မြန်မာ-ထိုင်းကုန်သွယ်ရေးတွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နှင့် ထီးခီး ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်( ၂၀၂၀ နိုဝင်ဘာလမှ ၂၀၂၁ အောက်တိုဘာလအထိ) တွင် အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံနှင့် ညီမျှသောပမာဏကို ကုန်သွယ်ခဲ့ကြပါသည်။ ထိုင်းနှင့်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်ရေး ပမာဏစုစုပေါင်း၏ ၁၇,၆၁ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ မြန်မာမှ ထိုင်းသို့ အဓိက တင်ပို့သည့် ပို့ကုန်များမှာ သဘာဝဓာတ်ငွေ့၊ သတ္တုကုန်ကြမ်း၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ ချုပ်ထည်များ ပါဝင်သည်ဟု သိရပါသည်။
အိမ်နီးနားချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများသည် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိပါသည်။
အိမ်နီးနားချင်းနိုင်ငံသုံးငွေနှင့် တိုက်ရိုက်ပေးချေခြင်းသည် အမေရိကန်ဒေါ်လာအပေါ် တည်မှီသော ကုန်သွယ်မှုသည် ဒေါ်လာဈေး ရုတ်တရက် အတက်အကျများကြောင့် ထိခိုက်နစ်နာခြင်းမှ လွတ်ကင်းနေစေပါသည်။
နယ်စပ်ကုန်သွယ်ရေးတွင် ငွေသားဖြင့် ပေးချေခြင်းများအစား အွန်လိုင်းတွင် ပေးချေသည့် ကုန်သွယ်ရေးအဖြစ်သို့ ပြောင်းလဲသွားမည်ဟု သိရပါသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင်လည်း ရူပီ/ကျပ် တိုက်ရိုက်ပေးချေမှုဖြင့် လုပ်ဆောင်ရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။