မြန်မာနိုင်ငံတွင် ပို့ကုန်ကဏ္ဍမြှင့်တင်ရန် လုပ်ဆောင်လျက်ရှိ


20 February, 2018

နိုင်ငံ့ကုန်သွယ်မှုလိုငွေပြမှုအခြေအနေအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) သည် နိုင်ငံ့တင်ပို့ကုန်ဗျူဟာအသစ်တစ်ရပ်အနေဖြင့် ထုတ်ကုန်အမျိုးအစားအသစ်များကို ထပ်မံပြုလုပ်ရန် ရည်ရွယ်ချက်ထားလုပ်ဆောင်နေကြောင်း သိရပါသည်။

အဆိုပါလုပ်ဆောင်ချက်များတွင် သစ်သီးဝလံများ၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် အစားအသောက်ထုတ်ကုန်များအပြင် နည်းပညာဝန်ဆောင်မှုများ စသည်တို့ဖြစ်ကြပါသည်။

ထိုထုတ်ကုန်များနှင့်အတူ လက်ရှိတင်ပို့ကုန်များဖြစ်သော ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ ရေလုပ်ငန်းထုတ်ကုန်များ၊ သစ်တောထွက်ပစ္စည်းများ၊ ချည်မျှင်နှင့် အထည်အလိတ်လုပ်ငန်းမျာ၊ ရော်ဘာနှင့် နိုင်ငံခြားခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ပါ၀င်ပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လွန်ခဲ့သော ဒီဇင်ဘာလခန့်က သွင်းကုန်လုပ်ငန်း ၁၃ ခုခန့်ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီးနောက်တွင် ၎င်းအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

သွင်းကုန်လုပ်ငန်းများတွင် ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ထွန်စက်နှင့် နေက်တွဲယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ စက်ပစ္စည်းများ၊ ပါ၀ါဖြန့်ဖြူးခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ပလပ်စတစ်လုပ်ငန်းများ၊ စက္ကူ၊ ဓာတုပစ္စည်းများ၊ ဆီ၊ ဆေးဝါးနှင့်သက်ဆိုင်သောထုတ်ကုန်များနှင့် အလှအပဆိုင်ရာထုတ်ကုန်များ စသည်တို့ပါ၀င်ပါသည်။

မြန်မာနိုင်ငံသည် ငွေကြေးလဲလှယ်မှုနှုန်းကျဆင်းလျက်ရှိသော်လည်း တင်ပို့ကုန်ကဏ္ဍကိုမူ ကောင်းမွန်စွာတည်ဆောက်လျက်ရှိပါသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာကျပ်ငွေသည် ဒေါ်လာ၏တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းနီးပါးကို ကျဆင်းသွားခဲ့ပြီးနောက် တင်ပို့သူများသည် ဒေသတွင်းထွက်ကုန်များကို နိုင်ငံတကာစျေးကွက်အတွင်း အပြိုင်အဆိုင်ရောင်းချခြင်းဖြင့် အကျိုးအမြတ်များစွာရရှခဲ့ပါသည်။

စဉ်   ဘဏ္ဍာနှစ်    ပို့ကုန် စုစုပေါင်း     သွင်းကုန် စုစုပေါင်း    ပမာဏ စုစုပေါင်း
၂၀၁၂-၂၀၁၃ ၈၉၇၇.၀၁၅ ၉၀၆၈.၉၁၄ ၁၈၀၄၉.၉၂၉
၂၀၁၃-၂၀၁၄ ၁၁၂၀၃.၉၅၇ ၁၃၇၅၉.၅၀၇ ၂၄၉၆၃.၄၆၄
၂၀၁၄-၂၀၁၅ ၁၂၅၂၃.၇၁၇ ၁၆၆၃၃.၁၄၆ ၂၉၁၅၆.၈၆၃
၂၀၁၅-၂၀၁၆ ၁၁၁၃၆.၈၇၈ ၁၆၅၇၇.၉၄၈ ၂၇၇၁၄.၈၂၆
၂၀၁၆-၂၀၁၇ ၁၁၉၉၈.၅၄၄ ၁၇၂၁၁.၀၆၂ ၂၉၂၀၉.၆၀၆

၂၀၁၇-၂၀၁၈(ဒီဇင်ဘာလ အထိ)

၁၀၆၈၂.၄၆၈ ၁၃၆၅၅.၆၉၁ ၂၄၃၃၈.၁၅၉

 

Export, Import Read 638 times