မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ငွေကြေးများ


07 February, 2018

မြန်မာငွေကြေးများကို လေ့လာရာတွင် အမျိုးအစားသုံးမျိုးတွေ့ခဲ့ရပါသည်။ ပထမဆုံးအမျိုးအစားကို ၁၈၅၂ နှင့် ၁၈၈၉ ခုနှစ်အတွင်း စတင်သုံးစွဲခဲ့ပါသည်။

ငွေကြေးများကို ရွှေနှင့် ငွေဒင်္ဂါးပြားအဖြစ် စတင်သုံးစွဲခဲ့ပြီး ရွှေဒင်္ဂါးတစ်ပြားကို ငွေဒင်္ဂါး ၁၆ ပြားတန်ဖိုးရှိပါသည်။

ဒုတိယမြောက်ငွေကြေး အမျိုးအစားကို ၁၉၄၃ နှင့် ၁၉၄၅ တွင်စတင်သုံးစွဲခဲ့ပါသည်။ထိုငွေကြေးများ စတင်သုံးစွဲချိန်သည် မြန်မာနိုင်ငံကို ဂျပန်ကသိမ်းပိုက်ထားသောအချိန်တွင်ဖြစ်ပြီး ဂျပန်ရူပီးများသည် တည်ငြိမ်မှုမရှိသောငွေကြေးများဖြစ်၍ ဂျပန်များကသာတစ်ဖက်သက်တီထွင်ထားသောကြောင့် ထိုငွေစက္ကူများသည်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် ဖျက်သိမ်းခဲ့ပါသည်။

တတိယမြောက်ငွေကြေးအဖြစ် သုံးစွဲသော မြန်မာကျပ်ငွေကို ၁၉၅၂ ခုနှစ်တွင်စတင် ထုတ်ဝေခဲ့ပြီး ဂျပန် ၁ ရူပီးကို မြန်မာကျပ်ငွေတစ်ကျပ်နှုန်းဖြင့် လဲလှယ်ပေးခဲ့ပါသည်။

၁ ကျပ်တန်ကျပ်ငွေကို ပြား ၁၀၀ တန်ဖိုးအဖြစ် သက်မှတ်ထားပြီး ပထမဆုံးထုတ်ခဲ့သော ၁ ကျပ်တန်အတွက် ငွေစက္ကူရိုက်နှိပ်ခဲ့ခြင်း မရှိပေ။

ပထမဆုံး ငွေစက္ကူအနေဖြင့် စတင်ရိုက်နှိပ်ခဲ့သည်မှာ ၂ ကျပ်တန်ဖြစ်ပြီး ၁၉၄၄ ခုနှစ်တွင် စတင်ရိုက်နှိပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဗဟိုဘဏ်သည် မြန်မာကျပ်ငွေ ၁ကျပ်၊ ၅ကျပ်၊ ၁၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများကို ၁၉၅၂ ခုနှစ်တွင် စတင်ရိုက်နှိပ် အသုံးပြုစေခဲ့ပါသည်။

၁၉၅၈ ခုနှစ်တွင် ၂၀ ကျပ်တန် နှင့် ၅၀ ကျပ်တန်များကို ထပ်မံရိုက်နှိပ် အသုံးပြုစေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် ဗဟိုဘဏ်သည် ငွေစက္ကူထုတ်လုပ်ခြင်း အခန်းကဏ္ဍကို စတင်ကိုင်တွယ်ခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင် ငွေစက္ကူထုတ်လုပ်ထားသော မှတ်တမ်းများ၊ ငွေစက္ကူနမူနာပုံစံများကို ထိန်းသိမ်းသော လုပ်ငန်းများကို ဗဟိုဘဏ်မှတာဝန်ယူခဲ့ပြီး လုပ်ဆောင်ခဲ့ပါသည်။

၁၉၈၅ ခုနှစ်တွင် ရ၅ ကျပ်တန်များစတင်ရိုက်နှိပ် အသုံးပြုစေခဲ့ပြီး နောက်ထပ်တစ်အကြာမှာတွင် ၁၅ ကျပ်တန်နှင့် ၃၅ ကျပ်တန်များကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ၉၀နှင့် ၄၅ ကျပ်တန်များထပ်မံရိုက်နှိပ်ကာ အသုံးပြုစေခဲ့ပါသည်။

၁၈၅၂ ခုနှစ်တွင် မြန်မာကျပ်ငွေအဖြစ် ဒင်္ဂါးပြားများကိုစတင် ထုတ်ဝေသုံးစွဲခဲ့ပါသည်။

ပထမတွင်မူ ငွေဒင်္ဂါးပြားများသာ သုံးစွဲနေခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေ၊ ကြေး၊ ခဲ၊ သံနှင့် သံဖြူတို့ကိုပါ ဒင်္ဂါပြားများအဖြစ်ထုတ်လုပ်အသုံးပြုခဲ့သော်လည်း ၂ ကျပ်တန်အဖြစ် ငွေဒင်္ဂါးများကိုတော့ ပြုလုပ်ခဲ့ခြင်းမရှိပေ။

၁၉၅၆ ခုနှစ်တွင်မူ တတိယကြိမ်မြောက်အဖြစ် ဒင်္ဂါးပြားများကို ၁ပြား၊ ၅ပြား၊ ၁၀ပြား၊ ၂၅ပြား၊ ပြား ၅၀နှင့် ၁ကျပ် စသဖြင့် အသီးသီးထုတ်လုပ် အသုံးပြုခဲ့ပါသည်။

နောက်ထပ် တစ်နှစ်ကျော်အကြာတွင်မူ ဒင်္ဂါးပြားများကို အသစ်ပြန်လည် သွန်းလုပ်ခဲ့ပြီး ငွေကြေးယူနစ်များအဖြစ် အသုံးပြုစေခဲ့ပါသည်။

ယခုအချိန်တွင်မူ ဒင်္ဂါပြားသုံးစွဲမှုမရှိတော့ပဲ လက်ရှိငွေကြေးတွင် အကြွေများအဖြစ် ၅ကျပ်၊ ၁၀ကျပ်၊ ၅၀ကျပ်၊ ၁၀၀ကျပ်နှင့် ၂၀၀ကျပ်တန်များကိုသာ အသုံးပြုကြပါသည်။

Tips Read 4436 times