မြဝတီနယ်စပ်ကုန်သွယ်မှု ယာယီလျှော့ကျ


10 September, 2018

ယခုဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့အတွင်း ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်မှုပမာဏစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၃၂၀ ဒသမ ၇၈၃ မီလီယံရှိခဲ့ပြီးယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၄၃ မီလီယံ လျှော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

ကုန်သည်များရဲ့ ပြောကြားချက်အရ Gyaing- Eaindu လမ်းများတွင် ဆိုးရွားစွာပျက်ဆီးဆုံးရှုံးမှုများရှိပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်ရှိသော Gyaing-Pontun တံတားသည် ရက်ပေါင်း ၂၀ ကြာအောင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ၁၃ တန်ရှိသော ကုန်တင်ယာဉ်များ သွားလာ၍ မရသောကြောင့် နယ်စပ်ကုန်သွယ်မှု လျှော့ကျခြင်းဖြစ်ပါသည်။

ယခုဘဏ္ဍာရေးနှစ် သြဂုတ်လ ၂၄ ရက်နေ့မတိုင်ခင်အထိ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကုန်စည်များကို အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄၈၈ မီလီယံ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၉ မီလီယံ တိုးတက်လာကြောင်းသိရပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ ကုန်စည်များကို အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၉၅ မီလီယံ တင်သွင်းနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇၃၆ မိလီယံ လျှော့နည်းခဲ့ကြောင်း သိရပါသည်။

နယ်စပ်ကုန်သွယ်ရေးပမာဏသည် ဘဏ္ဍာရေးကာလ ပထမခြောက်လတွင် မျှော်မှန်းသည်ထက် ကျော်လွန်ခဲ့ကြောင်းသိရပါသည်။ ချစ်ကြည်ရေးတံတား (၂) ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကုန်သွယ်ရေးသည် နှစ်ဆ တိုးတက်လာကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနမှ ဦးရန်နိုင်ထွန်းက မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးအပြီးတွင် မီဒီယာသို့ပြောကြားခဲ့သည်ဟုသိရပါသည်။

မြဝတီတွင်ကျင်းပြသည့် နှစ်ရက်ကြာပူးတွဲကော်မတီအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံမှ ဆိတ်၊သိုး၊ နွားနှင့် ကျွဲများကို တရားဝင်တင်ပို့နိုင်ခြင်းနှင့် ပို့ကုန်ဖြစ်စဉ်များ အဆင်ပြေချောမွေ့စေရန် မဲဆောက်မြို့၌ ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် သီးနှံဖျက်ပိုးအန္တရာယ်စစ်ဆေးခြင်းနှင့် ဆန်နှင့်မြေပဲအတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုအတွက် သဘောတူညီမှု ရရှိခဲ့ပါသည်။

မြဝတီသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်မှုစခန်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ရေနံဓာတ်ငွေ့၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့၊ စားသုံးဆီ၊ မော်တော်ဆိုင်ကယ်၊ စားသောက်ကုန်၊ အလှကုန်၊ အိမ်မိုးသွပ်ပြား၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်း၊ အပင်များနှင့် အသီးအနှံများကို တင်သွင်းပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူဝါဒနှင့်အခွန်နှုန်းများတွင် ယာဉ်တင်သွင်းမှု မူဝါဒများပြောင်းလဲမှုကြောင့် ယာဉ်တင်းသွင်းမှု လျော့နည်းသွားပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းများနှင့် အခြားစက်ပစ္စည်းများကို ပုံမှန်တင်သွင်းလေ့ရှိပါသည်။ နယ်စပ်ဒေသများတွင် ကြက်သား၊ ဝက်သား၊ ပုစွန်၊ အရက်နှင့် တစ်ပတ်ရစ် ကားများကို တရားမဝင်ကုန်သွယ်လျက်ရှိကြောင်း ဒေသခံများပြောကြားချက်အရသိရပါသည်။

Local News Export, Import Read 536 times