နယ်စပ်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ သကြားဝယ်ယူမှုလျော့နည်းခြင်းကြောင့် ယခုနှစ် သုံးလအတွင်း မဲဆောက်- မြဝတီနယ်စပ်ကုန်သွယ်ရေး ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု ဘန်ကောက်ပ့ိုစ် သိရပါသည်။
မြန်မာ၊ ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းနိုင်ငံ မဲဆောက်မှ မြန်မာနိုင်ငံမြဝတီ မြို့သို့ ပို့ကုန်ပမာဏသည် သုံးလ အတွင်း ထိုင်းဘတ်ငွေ ၁၉ ဒသမ ၂ ဘီလီယံတန်ဖိုးရှိပြီး ပြီးခဲ့သည့် နှစ်ကာလတူထက် ဘတ် ၃ ဒသမ ၇ ဘီလီယံခန့်လျော့နည်းကြောင်း မဲဆောက် အကောက်ခွန်ဦးစီးဌာန အကြီးအကဲက ပြောကြားခဲ့ပါသည်။
မြဝတီနယ်စပ်မှ သကြားတင်သွင်းမှုလျော့နည်းခြင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေး မူဝါဒအချို့ပြောင်းလဲမှုကြောင့်ဖြစ်သည်ဟု ပြည်ပမှသကြား တင်သွင်းနေသည့် စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။
ထိုင်းနိုင်ငံအပါအဝင် ပြည် ပနိုင်ငံများမှ သကြားတင်သွင်းပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ် နိုင်ငံသို့ ရောင်းချနေခြင်းကို ၂၀၁၇ စက်တင်ဘာလကုန်ပိုင်း ကစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က လိုင်စင်ထုတ်ပေးခြင်းမရှိကြောင်း သိရပါသည်။
ပြည်ပမှ သကြားတင်သွင်းပြီး တရုတ်နိုင်ငံသို့တင်ပို့ခြင်းကို ပြည်တွင်းမှ သကြားထုတ်လုပ် သည့်လုပ်ငန်းရှင်များနှင့် ဌာနအချို့၏ တောင်းဆိုမှုကြောင့် လိုင်စင်ထုတ်ပေးမှု ရပ်တန့်ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောခဲ့ပါသည်။
လက်ရှိမူဆယ်-ရွှေလီနယ် စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ သကြားတင်ပို့ရာတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်သကြားများကိုသာ အဓိကထားတင်ပို့နေရကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောခဲ့ပါသည်။
မူဆယ်၌ သကြားတစ်အိတ် ဈေးနှုန်းသည်ဧပြီ ၅ ရက်တွင် တရုတ်ငွေ ၁၈၈ ယွမ်(ကျပ် ၃၉,၄၀၀ ကျော်) ဈေးဖွင့်ခဲ့ပြီး တရုတ်ကုန်သည်များက မူဆယ်မြို့မှ နေ့စဉ် သကြားအိတ်ရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ဝယ်ယူနေသည်ဟု ကုန်သည်များက ပြောခဲ့ပါသည်။
7day daily