လာမည့်အောက်တိုဘာလတွင် စတင်မည့် မြိတ်ကျွန်းစုအလည်အပတ် ခရီးစဉ်များအတွက် တစ်ဦးချင်းလက်မှတ်ဝယ်သူမရှိသေးဘဲ လှေ တစ်စင်းလုံး ကြိုတင်ငှားရမ်းသူများသာရှိ ကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီအသိုင်းအဝိုင်းမှ သိရသည်။
ကျွန်းစုခရီးစဉ်များအတွက် တစ်ဦးချင်း သွားရောက်ရန် ဖုန်းဖြင့်မေးမြန်းသူများသာ ရှိနေပြီး လှေစင်းလုံးငှားထားသူသုံးဦးခန့် ရှိနေ ပြီဖြစ်ကြောင်း နြမါကငီသူစ့ငည ခရီးသွား ဝန်ဆောင်မှုကုမ္ပဏီဒါရိုက်တာ ဦးခင်မောင်ညိုက ပြောဆိုသည်။
"မနှစ်က ဒီအချိန်မလာကြသေးဘူး။ အခု က ပြည်တွင်းပြည်ပကလာငှားထားသူတွေ ရှိနေပြီ"ဟု ၎င်းက ပြောဆိုသည်။
လှေတစ်စင်းလုံးငှားရမ်းမည်ဆိုပါက ခရီး သည်တစ်ဦးမှ ၁၀ ဦးအထိ ကျပ် ၁၂ သိန်း၊ ၁၁ ဦးမှ ၁၅ ဦးအထိ ကျပ် ၁၄ သိန်း၊ ၁၆ ဦးမှ ၂၀ အထိ ကျပ် ၁၆ သိန်းနှင့် ၂၁ ဦးမှ ၂၅ ဦးအထိ ကျပ် ၁၈ သိန်း ကျသင့်မည်ဖြစ်ပြီး ခရီးသည်များသွားရောက်လိုသည့် အနည်းဆုံး ကျွန်းသုံးကျွန်းအထိ ပို့ဆောင်ပေးကြောင်း၊ တစ်ဦးချင်းအနေဖြင့် လက်မှတ်တစ်စောင်လျှင် အနည်းဆုံး ကျပ် ၇၀ဝဝဝ မှ သွားရောက်မည့် ကျွန်းအပေါ်မူတည်ကာ အများဆုံးကျပ် ၉၅၀ဝ၀ အထိ ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိအချိန် ရာသီဥတုပွင့်လင်းမှုမရှိသေး သည့်အတွက် တစ်ဦးချင်းလာရောက်လက်မှတ် ဝယ်ယူသူ နည်းပါးနေသေးသော်လည်း သီတင်းကျွတ်ရာသီအတွက်မူ လှေစင်းလုံးပြတ်ကြိုတင် ငှားရမ်းမှုရှိနေပြီဖြစ်ကြောင်း ဆာကူရာခရီးသွားလုပ်ငန်းမှ သိရသည်။
မြိတ်ခရိုင်အတွင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၃၂ ခုနှင့် စပိဘုတ် ၃၀ ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြိတ် ရုံးခွဲမှ သိရသည်။ မြိတ်ကျွန်းစုအတွင်းရှိ ဒုံး ရေတံခွန်ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း၊ စမတ် ကျွန်း၊ လေးကျွန်း၊ နတ်သမီးရေတွင်းကျွန်း စသည့်ကျွန်းများသို့ ခရီးသည်များကို ပို့ဆောင် ပေးလျက်ရှိရာ ယခုနှစ်တွင် ပုလဲမွေးမြူရေး ကျွန်းများကိုပါ သွားရောက်လည်ပတ်ခွင့်ပြု ထားကြောင်း သိရသည်။