နမ္မတူဘော်တွင်း သတ္တုရိုင်းတန်ချိန် ၈၂ သန်းရှိမည် ခန့်မှန်း


07 September, 2018

ပြည်တွင်းသတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်သော ဝင်းမြင့်မိုရ်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီအနေဖြင့် ဘော်တွင်းတွင် ခေတ်နှင့်အညီသတ္ထုတူးဖော်ရေးလုပ်ငန်းများ တည်ထောင်ရန် ရည်ရွယ်ထားကြောင်း၊ သတ္ထုသိုက်၏ ပမာဏနှင့် အလားအလာကိုသိရှိရန် သြစတြေးလျအခြေစိုက် ကုမ္ပဏီများဖြစ်သော Myanmar Metals Co.Ltd၊ CSA Global နှင့် Valentis ကုမ္ပဏီတို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အသုံးပြုသည့် နည်းစနစ်

*******

၂၀၁၆ ခုနှစ်တွင် ဘူမိဗေဒဝန်ဆောင်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည့် Valentis ကုမ္ပဏီအား ဘော်တွင်းဒေသတွင် 2012 JORC Code နှင့်အညီ လွန်တူးလုပ်ငန်းနှင့် နမူနာကောက်ယူခြင်း (Drilling and Channel Sampling program according to the 2012 JORC Code) လုပ်ဆောင်ရန် ဝင်းမြင့်မိုရ်က တာဝန်ပေးခဲ့သည်။ 2012 JORC Code သည် စမ်းသပ်တိုင်းတာမှုရလဒ်နှင့် သတ္ထုသိုက်ပမာဏ တွက်ချက်အစီရင်ခံစာတွင် စံထား အသုံးပြုသည့် သြစတြေးလျ နည်းစံနစ်ဖြစ်သည်။

ခန့်မှန်းချက်

*******

ဘော်တွင်း အဓိကတူးဖော်ခွင့်ရဧရိယာတွင် သတ္တုရိုင်းတန်ချိန် ၈၂ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းအရင်းအမြစ်တွင် ခဲ ၄.၈%၊ ဇင့် ၂.၄ %၊ ကြေး ဝ.၄ % ပါဝင်မည်ဟု နမူနာ တူးဖော်မှုများအရ ခန့်မှန်းထားသည်။

နမ္မတူဘော်တွင်းဒေသ

*******

နမ္မတူဘော်တွင်းဒေသသည် ကမ္ဘာပေါ်တွင် တူးဖော်ထုတ်လုပ်ခြင်း မပြုရသေးသည့် ခဲ၊ သွပ်၊ ငွေနှင့်ကြေးနီသတ္ထုများ ပေါင်းစုပါဝင်နေသည့် အကြီးဆုံးသတ္တုသိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ကုမ္ပဏီက ဖော်ပြခဲ့သည်။

“ဒီသတ္တုတွင်းကို ၂၀၁၇ ခုနှစ်ကတည်းက မတူးဖော်ဘဲ ဘာလို့ဒီအတိုင်းကြည့်နေကြလဲ နားမလည်နိုင်ဘူးဗျာ” ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. John Lamb က ထုတ်ဖော်ပြောဆိုခဲ့သည်။

ရင်းနှီးငွေ

*******

သြစတြေးလျအခြေစိုက်ကုမ္ပဏီဖြစ်သည့် Myanmar Metals သည် နမ္မတူ- ဘော်တွင်းကို အထူးစိတ်ဝင်စားသည်။ Myanmar Metals ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၊ မေလတွင် ဘော်တွင်းမိုင်း လုပ်ပိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ တွင် ၈၅ ရာနှုန်းပိုင်ဆိုင်ခွင့်ရရန် ဝင်းမြင့်မိုကုမ္ပဏီကို ပြန်အမ်းရန်မလိုသော ရင်းနှီးငွေအဖြစ် ဒေါ်လာ ၁ ဒသမ ၅ သန်းပေးရန် သဘောတူခဲ့သည်။

source Business News Western Australia, Frontier

Local News Read 12501 times