မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏသည် တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ သန်းတစ်ထောင်ကျော် တိုးလာပြီး ယခုအခါ ကြွေးမြီစုစုစုပေါင်း ကန်ဒေါ်လာသန်းတစ်သောင်း (၁၀ ဘီလီယံ) ကျော်ရှိနေသည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးဝင်းက နိုင်ငံတော်၏ ကြွေးမြီအရပ်ရပ် အခြေအနေများကို တင်ပြရာ ယင်းအချက်အလက်များကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန် ပိုင်းအထိ မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီသည် ကန်ဒေါ်လာသန်း ကိုးထောင်ခန့် (၈၉၈၉ ဒသမ ၉ သန်း) ရှိခဲ့ပြီး ၂၀၁၈ မတ်လကုန် အထိ တစ်နှစ်ကျော်အတွင်း သန်း တစ်ထောင်ကျော် တိုးလာခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံက ပြည် ပနိုင်ငံများသို့ ပေးဆပ်ရမည့် သန်းတစ်သောင်းကျော်သည် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ အပါအဝင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးယူထားခြင်း ဖြစ် သည်။ တရုတ်နိုင်ငံမှ ချေးယူထား သည့် ပမာဏသည် ဒေါ်လာသန်း လေးထောင်ကျော်ဖြင့် အများဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံမှ ဒေါ်လာသန်း နှစ်ထောင်ကျော် ချေးယူထားကာ ဒုတိယအများဆုံးဖြစ်ကြောင်း စီမံ ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။
မြန်မာနိုင်ငံက ပြည်ပနိုင်ငံ များသို့ ပေးဆပ်ရမည့် ကြွေးမြီ ကန်ဒေါ်လာ သန်းတစ်သောင်း ကျော်သည် မြန်မာနိုင်ငံဂျီ ဒီပီ၏ ၁၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ညီမျှ သည်။ ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန် ပိုင်းက ရှိခဲ့သည့် မြန်မာနိုင်ငံ၏ ကြွေးမြီပမာဏသည် နိုင်ငံဂျီဒီပီ ၏ ၁၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
အဆိုပါကြွေးမြီများကို ချေးယူသည့် ဝန်ကြီးဌာနများတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကြွေးမြီချေးယူမှု အများဆုံး ဖြစ်ပြီး ဒုတိယအများဆုံးဝန်ကြီး ဌာနမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနဖြစ်ကြောင်း ဝန်ကြီး တင်ပြသည့် စာရင်းဇယားအချက်အလက်များတွင် ဖော်ပြထားသည်။
7 Day Daily