တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ္တုတူးဖော်ရန် ခွင့်ပြုသည့် စာရင်း


08 August, 2018

သတ္တုတူးဖော်ရေး ကဏ္ဍအတွက် အစိုးရမှ ခွင့်ပြုပေးတဲ့ ကဏ္ဍတို့မှာကျောက်မီးသွေး၊ထုံးကျောက်၊ သံကျောက်၊သံကြွယ်ဘောက်ဆိုဒ်၊ချီလိုမိုက်၊ခရို မီယမ်၊ကျောက်ကွမ်း/ကြွေကျောက်၊မြေစေး/ရွံစေး ၊မင်းဂနိးစ် ဒိုင်အောက်ဆိုဒ်၊ဂေါဒန်၊မာဘယ်၊ ခဲ၊ခဲမဖြူ/အဖြိုက်နတ်၊ကြေးနီ၊ခနောက်စိမ်း၊သလင်း၊သွပ်၊ ရွှေ ၊မြေဖယောင်း၊ဖန်ချက်သဲ၊ဘရိုက်တီး၊ နီကယ်၊သလင်း စသည့် သတ္တုတို့ကို အကြီးစား တူးဖော်ခြင်း၊အသေးစား တူးဖော်ခြင်း နှင့် စမ်းသပ်လေ့လာခြင်း ကဏ္ဍများတွင် ခွင့်ပြုပေးထားတယ်။

သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ ၂၀၁၈ ခုနှစ် ဇွန်လ(၃၀)ရက်နေ့ အထိ စာရင်းအရ သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ္တု တူးဖော်ရေး ကဏ္ဍအတွက် ခွင့်ပြုမိန့် ထုတ်ပေးထားမှုဟာ စုစုပေါင်း(၁၃၉၀) ခု ရှိပါတယ်။

အဆိုပါ ခွင့်ပြုမိန့်ပေးသည့် စာရင်းတွင် -

• ဓါတ်သတ္တုအကြီးစား ခွင့်ပြုမိန့်စာရင်း (၁၄၈) ခု ၊

• ဓါတ်သတ္တုအသေးစား ခွင့်ပြုမိန့် စာရင်း (၇၈၄)ခု၊

• စမ်းသပ် ခွင့်ပြုမိန့် (၃၂၁)ခု ၊စမ်းသပ်ဖြစ်မြောက်မှု (၂၃)ခု ၊

• လက်လုပ်လက်စားအတွက် ခွင့်ပြုမှု (၂၂)ခု နှင့်

• အသေးစား အဆင့်တက် ခွင့်ပြုစာရင်း(၉၂) ခု ရှိကြောင်းသိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ်များတွင် ခွင့်ပြုမိန့်ထုတ်ပေးထားမှုစာရင်းအရ ဓါတ်သတ္တုအကြီးစားခွင့်ပြုမိန့်ကို မန္တလေးတိုင်းဒေသကြီးမှ ခွင့်ပြုမှု ၄၁ ခုဖြင့် အများဆုံးရရှိထားပြီး ဒုတိယအများဆုံးမှာ ခွင့်ပြုမှု ၂၄ ခုရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သည့်အပြင် တတိယအများဆုံးမှာ ခွင့်ပြုမှု ၂၁ ခုရရှိထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဖြစ်ပါတယ်။

ထို့အပြင် ဓါတ်သတ္တုအသေးစား ခွင့်ပြုမိန့်ကို မန္တလေးတိုင်းဒေသကြီးမှ ခွင့်ပြုမှု ၂၄၅ ခုဖြင့် အများဆုံးရရှိထားပြီး ဒုတိယအများဆုံးမှာ ခွင့်ပြုမှု ၁၄၂ ခု ရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သည့်အပြင် တတိယအများဆုံးမှာ ခွင့်ပြုမှု ၈၂ ခုရရှိထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ဖြစ်ပါတယ်။

Band post

Local News Read 1025 times