ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ဩစတြေးလျနိုင်ငံအခြေစိုက်TYTC Waste Equipment Pty Ltd. တို့ပူးပေါင်း၍ စက်မှုဇုန်ထွက်အမှိုက်များစနစ်တကျ သိမ်းဆည်း နိုင်ရေး ညှိနှိုင်းအစည်းဝေးအား ယနေ့မွန်းလွဲ ၂နာရီက Zoom Webiner ဖြင့်ဆောင်ရွက် ခဲ့ပါသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးမှ TYTCအနေဖြင့် စက်မှုဇုန်အားလုံးမှ အမှိုက် သိမ်းဆည်းပြီး သယ်ဆောင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်တာ လူမှုရေး၊ စီးပွားရေး အတွက်ကောင်းမွန်သောအထောက်အကူဖြစ်ကြောင်း
အဆိုပါဝန်ဆောင်မှုကို စက်မှုလုပ်ငန်းရှင် များ၏ သဘောထားရယူရန်လိုကြောင်း လုပ်ကိုင်ခွင့်ပြုမိန့်ရပါကလည်း မြေပြင်အခြေအနေ၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိမရှိ၊ မည်သို့ဝန်ဆောင်မှုပေးမည်၊ အပြန်အလှန်မည်သို့ ဆောင်ရွက်ကြရမည် စသည်တို့ကိုအပြန်အလှန်ဆွေးနွေးကြရန်လိုကြောင်းပြေားကြားပါသည်။
ဆက်လက်၍တက်ရောက်လာသူများမှအပြန်အလှန်ဆွေးနွေးကြရာရန်ကုန်မြို့တော်ဝန်မှရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန် ၂၉ဇုန်ရှိပြီး တစ်ခုနှင့်တစ်ခုခရီးအကွာအဝေးမတူသလို၊ ဇုန်မှထွက်ရှိသည့် အမှိုက်အမျိုးအစားလည်းမတူကြောင်း
TYTCမှဇုန်တစ်ခုချင်းအလိုက် ညှိနှိုင်း ဆွေးနွေးရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များ၏ သဘောထားကိုလည်း သိရန်လိုအပ်ကြောင်း ပြောကြားပြီးအစည်းအဝေးအားညနေ ၄နာရီတွင်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
myotaw.news