နယ်ဆင်မန်ဒဲလားကို ဂုဏ်ပြုလိုက်တဲ့ တောင်အာဖရိက


24 July, 2018

တောင်အာဖရိကတွင် နယ်ဆင်မန်ဒဲလား၏ နှစ် ၁၀၀ ပြည့်မွေးနေ့နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နယ်ဆင်မန်ဒဲလားပုံစံဖြင့် ငွေစက္ကူအသစ်များ၊ ဒင်္ဂါးအသစ်များ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

တောင်အာဖရိကရီဆာ့ဗ်ဘဏ် SARB က နယ်ဆင်မန်ဒဲလားပုံနှင့် ငွေစက္ကူများ၊ ဒင်္ဂါးပြားအသစ်များ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မန်ဒဲလားကြီးပြင်းလာမှု၊ ထောင်အကျဉ်းချခံရမှုနှင့် အုပ်ချုပ်မှုကာလ စသည်ဖြင့် မန်ဒဲလား၏ ဘဝအခြေအနေအမျိုးမျိုးကို ထင်ဟပ်သည့်ပုံရိပ်များဖြင့် ငွေစက္ကူအသစ်များကို ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း SARB ၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

"နေ့စဉ်အသုံးပြုနေရသော ငွေစက္ကူများနှင့် ဒင်္ဂါးပြားများတွင် မန်ဒဲလား၏ ဘဝအခြေအနေများကို ဖော်ပြထားခြင်းဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းကြမည့် မျိုးဆက်သစ်လူငယ်များထံကို မန်ဒဲလား၏ ဂုဏ်ကျေးဇူးများကို အစဉ်ထာဝရအောက်မေ့သတိရနေစေဖို့ လက်ဆင့်ကမ်းနိုင်မည်" ဟု ၎င်းက ပြောခဲ့ပါသည်။

တောင်အာဖရိကငွေစက္ကူ ရန် ၁၀၊ ရန် ၂၀၊ ရန် ၅၀၊ ရန် ၁၀၀ နှင့် ရန် ၂၀၀ တန်ဒင်္ဂါးပြားများကို နယ်ဆင်မန်ဒဲလားအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရိုက်နှိပ်ကာ ထုတ်လုပ်ထားခဲ့ခြင်းဖြစ်သည်။

နယ်ဆင်မန်ဒဲလားကို ၁၉၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဖွားမြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Pyi Myanmar

Global News Read 561 times