မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့မည့် Nestle


21 June, 2018

နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီ Nestle ကမြန်မာပြည်တွင် လုပ်ငန်းနှစ်ဆတိုးချဲ့ရန် အစီအစဉ်ရှိသည်ဟု မြန်မာပြည်ဌာနခွဲ၏ တာဝန်ရှိသူတစ်ဦးက ယခုလဆန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာပြည်၌ ဝန်ထမ်းပေါင်း ၂၄၀ ခန့်ထားပြီး လုပ်ငန်းများလည်ပတ်လျက်ရှိသလို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ငါးလက စက်ရုံဖွင့်လှစ်ခဲ့ကာ ထိုစက်ရုံတွင် ဝန်ထမ်း ၁၈၀ ရှိသည်ဟု ၎င်းကပြောခဲ့ပါသည်။

လတ်တလောတွင်Nestleက စားသောက်ကုန်ခြောက်မျိုးကို မြန်မာပြည်၌ ဖြန့်ဖြူးရောင်းချပေးနေပြီး ထိုကုန်ပစ္စည်းများအနက်Brandတံဆိပ် အသင့်ဖျော်သောက်သုံးနိုင်သော မော့တ်မစ်သည် မြန်မာများအတွက်သီးသန့်ရည်ရွယ် သုတေသနပြုပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောခဲ့ပါသည်။

မြန်မာအများစုသည် သံဓာတ်အားနည်းကြသဖြင့် ထိုမော့တ်မစ်တွင် သံဓာတ်ကို ဖြည့်စွက် ထည့်သွင်းထားသည်ဟုလည်း သိရသည်။

ထို့ပြင် ၎င်းတို့ ထုတ်ကုန်များ ဖြန့်ချိသည့်အပိုင်းကို နှစ်ဆချဲ့သွားရန် အစီအစဉ်လည်းရှိသည်ဟု ၎င်းက ပြောခဲ့ပါသည်။

လွန်ခဲ့သော သုံးနှစ်က မြန်မာပြည်သို့ တရားဝင် ကုမ္ပဏီထောင်ကာ ဝင်ရောက် လုပ်ငန်းလည်ပတ်ခဲ့သော Nestle သည် ထိုစဉ်က ဝန်ထမ်း ၄၀ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ၂၄၀ ရှိနေပြီဖြစ်သဖြင့် သုံးနှစ်အတွင်းခြောက်ဆခန့် ဝန်ထမ်းပမာဏ များပြားလာသည့်သဘောဖြစ်သည်။

သို့သော်ငြားလည်း လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံ၌ ထုတ်ကုန်များ အစအဆုံး မထုတ်လုပ်သေးဘဲ ထိုင်းနိုင်ငံရှိ စက်ရုံမှ တစ်စိတ်တစ်ပိုင်း ကုန်ချောများတင်သွင်းကာ ထုပ်ပိုးအိတ်သွတ်သည့် လုပ်ငန်းစဉ်သာ လုပ်ဆောင်သေးကာ နောင်မှသာ လုပ်ငန်းစဉ်စဆုံး လည်ပတ်သည့်စက်ရုံအဖြစ် ပြောင်းလဲသွားရန် စီစဉ်ထားသည်ဟု သိရသည်။

 Myanmar Times

Local News Investment/Divestment Read 519 times