သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ကျော်ကို တရုတ်နိုင်ငံသို့နေ့စဉ်တင်ပို့နေ


08 May, 2018

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအနက် နေ့စဉ် ကုဗပေ သန်း ၄၀၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ Daewoo International Corporation ၊ ONGC Videsh Ltd ၊ Gall(India) Ltd ၊ Korea Gas Corporation တို့နှင့်အတူ China National Oil Corporation မှ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါစီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ပြည်တွင်း၌ အသုံးပြုရန် ဖြန့်ဖြူးပေးနေသည့်အပြင် ကုဗပေ သန်း ၄၀၀ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အချင်း ၄၀ လက်မရှိ ဓာတ်ငွေ့ပိုက်လိုင်းဖြင်း နေ့စဉ် တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းကရရှိသော စာရင်းများအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တစ်ရက်လျှင် ကုဗပေ သန်း ၄၅၀ အထိ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းကရရှိခဲ့သောစာရင်းများအရ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းက တစ်ရက်လျှင် ကုဗပေ သန်း ၆၅၀ ထုတ်လု်ကာ ပြည်ပသို့တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ သန်း ၆၅၀ ထုတ်လုပ်ကာ ပြည်ပတင်ပို့နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။

 Daily Eleven

Local News Read 768 times