UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားသည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အတွေးအမြင်၊ အယူအဆများကိုတင်ဆက်သွားထားခြင်းဖြစ်ပြီးယခု Episode တွင် “Views From Our Neighbours” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးထားသည့် ပုဂ္ဂိုလ်များကတော့......
Mr. Nattawin Phongsphetrarat, Vice President, Thai Business Association of Myanmar
Mr. Sunil Seth , President, India Myanmar Chamber of Commerce
Mr. Lucas Chen, Council Member, China Enterprise Chamber of Commerce in Myanmar တို့ပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာတော့ Moderator အဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ ဦးမိုးကျော်မှပါဝင်ဆောင်ရွက်ထားတာဖြစ်ပါတယ်။
ဆွေးနွေးချက်အချို့
မြန်မာနိုင်ငံစီးပွားရေးကောင်းမွန်လာစေဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့တောင်းဆိုချက် (၉)ချက်
ပထမတစ်ခုကတော့ လျှပ်စစ်စွမ်းအားစီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ပိုမိုဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လာဖို့ စက်မှုနိုင်ငံဖြစ်လာဖို့အတွက် လျှပ်စစ်စွမ်းအားက အရမ်းကိုအရေးကြီးပါတယ်။
(Mr. Sunil Seth)
ကျနော်တို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရနှစ်ခုစလုံးက နယ်စပ်ကုန်သွယ်ရေးကို ပိုအလေးထားလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။
(Mr.Nattawin Phongsphetrarat)
ကျွန်တော် တောင်းဆိုချင်တာက အစိုးရအနေနဲ့ နောင်အနာဂတ်မှာ အခုလိုမျိုးပဲ ဆက်လက်ပွင့်လင်းလာဖို့နဲ့ ကဏ္ဍတိုင်းကို ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။
(Mr.Lucas Chen)
အိမ်နီးချင်းနိုင်ငံများနှင့်အတူအလုပ်လက်တွဲလုပ်ရသည့်အခါ သိထားသင့်သည့်ကျင့်ဝတ်များ ၊ အကြံပြုချက်များ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။
UMFCCI Webinar Series များကိုအစိုးရ-ပုဂ္ဂလိကအတူတကွ ပါဝင်ဆွေးနွေးမဲ့ Public – Private – Dialogue မှသည် Public-Private-Partnership အထိ လျှောက်လှမ်းနိုင်ရေးအတွက် ရည်ရွယ်ထုတ်လုပ် တင်ဆက်ထားခြင်းဖြစ်ပါတယ်။
မြန်မာစာတန်းထိုး ဗီဒီယို မှတ်တမ်း ကြည့်ရှုရန် ပုံကို ထိပါ