ဆတ်ရိုးကျရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်ဒေသအတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ပထမဦးဆုံး အထည်ချုပ်စက်ရုံတစ်ရုံဖွင့်လှစ်ခဲ့ပါသည်။
ထိုအထည်ချုပ်စက်ရုံကို smart ဟုအမည်ပေးထားပြီး ၂၆ ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၇ ခုနှစ် နံနက် ၉ နာရီတွင် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စက်ရုံလုပ်ငန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့မှ အထည်ချုပ်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။ ထို့နောက် စက်ရုံလည်ပတ်နေမှုများကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ပါသည်။
စုစုပေါင်းဝန်ထမ်း ၈၁ ဦးရှိပြီး နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်၍ ပြန်ရောက်နေသော သူများကို ဦးစားပေး ခေါ်ယူနေရာချထားပေးကြောင်း သိရသည်။
ကျောင်းဝတ်စုံချုပ်လုပ်ခြင်းများကို အဓိကထားဆောင်ရွက်လျှက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
Source: မြဝတီ