မြန်မာ့တောင်သူများအတွက် အရစ်ကျဝယ်ယူနိုင်မည့် နယူးဟော်လန်လယ်ယာသုံး ထွန်စက်အမျိုးအစားများ
နယူးဟော်လန်လယ်ယာသုံးထွန်စက်များသည် နိုင်ငံတကာတွင်အသုံးပြုသည့်စက်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နယူးဟော်လန်စက်များကို အရစ်ကျဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့တောင်သူများအတွက် နယူးဟော်လန်လယ်ယာသုံးထွန်စက်အမျိုးအစားများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။
နယူးဟော်လန် TT4.90
မြန်မာတောင်သူကြီးများအတွက် အိန္ဒိယနိုင်ငံထုတ်ဒီဇိုင်းအသစ်နှင့် နညး်ပညာကောင်းမွန်သော စွမ်းရည်မြှင့် မြင်းကောင်ရေ (၉၀) အားရှိ TT4.90 ထွန်စက်တွင် အသုံးပြုထားသော အင်ဂျင်မှာ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီစေရန် ရုန်းအားပိုမိုကောင်းမွန်သော တာဗိုနှင့် အင်ဂျင်အအေးခံစနစ်အင်တာကူလာ တပ်ဆင်ထားပြီး ဆီစားနှုန်းသက်သာသည့် FPT အင်ဂျင်အသုံးပြုထားပါသည်။
နေ့စဉ်လုပ်ငန်းခွင်တွင် အလုပ်ပြီးမြောက်မှုတွင်ကျယ် မြန်ဆန်စေရန် ရုန်းအားပြောင်းလဲချိတ်ဆက်မှုအနေဖြင့် အရှေ့(၁၂)၊ အနောက်(၁၂)ချက်နှင့် အနည်းဆုံးအလျင် 0.28Km/hr ထွက်ရှိသော ဂီယာရုန်းအား ချိတ်ဆက်ပြောင်းလဲနိုင်သောဂီယာဘောက်တပ်ဆင်ပါရှိပါသည်။
ဟိုက်ဒရောလစ်အုံအနေဖြင့် 45L/min ရှိပန့်တွန်းအားနှင့် ဖွဲ့စည်းထားသော ဟိုက်ဒရောလစ်ပန့်နှင့် နောက်တွဲဝန် မတင်နိုင်မှု စွမ်းအား 2.5 တန်ရှိ ရုန်းအားမြင့် ၀န်ချိတ်ဆွဲနိုင်သော စနစ်များ တပ်ဆင်ပါရှိပါသည်။
PTO စံ သတ်မှတ်ချက်အနေဖြင့် အင်ဂျင်လည်ပတ်နှုန်း 2200rpm တွင် PTO လည်ပတ်မှုနှုန်း 540rpm ဖြင့် PTO ပါ၀ါအား 95 % အထိမြှင့်တင်နိုင်ပြီး၊ လည်ပတ်နှုန်း အနှေးဖြင့် သုံးရန်လိုသောလုပ်ငန်းခွင်များတွင် ဆီစားနှုန်း သက်သက်သာသာဖြင့်လိုအပ်သော PTO အပတ်ရေ ရရှိစေနိုင်သော Economy PTO တပ်ဆင်ပါရှိပါသည်။
အင်ဂျင်ရုန်းအား 1715rpm တွင် PTO လည်ပတ်နှုန်း 540Erpm သို့လည်ပတ်ရောက်ရှိနိုင်ပါသည်။
(၉၀)လီတာဆန့်ဆီတိုင်ကီ တပ်ဆင်ပါရှိပြီး ညီညာပြန့်ပြူး၍ မြင့်သော မြင်ကွင်းကျယ်စက်မောင်းထိုင်ခုံ၊ ပါ၀ါမြင့် ကြောင်မျက်လုံးစတိုင် မီးသီးကြီးများ ပါရှိပါသည်။
နယူးဟော်လန် TT 75
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် အထူးသင့်တော်ပြီး စွမ်းဆောင်ရည်မြင့်မားသော အိန္ဒိယနိုင်ငံထုတ် နယူးဟော်လန် TT75 လယ်ထွန်စက်များတွင် ကမ္ဘာ့အဆင့်မီ အီတလီနိုင်ငံထုတ် မြင်းကောင်ရေ (၇၅) ကောင်အားရှိဆီစားနှုန်းသက်သာပြီး မြင့်မားသော စွမ်းဆောင်ရည်ကို ပေးနိုင်သည့် လေးလုံးထိုး Iveco အင်ဂျင်ကိုတပ်ဆင်ထားပါသည်။
ထို့ပြင်နောက်တွဲဝန် အလိုအလျောက် တင်/ချ ခလုတ် Lift-O-Matic နည်းပညာတပ်ဆင်ပါရှိပြီး၊ ဂီယာရုန်းအားပြောင်းလဲချိတ်ဆက်မှုအနေဖြင့် အရှေ့(၈)ချက်၊ အနောက်(၂)ချက်ပြောင်းလဲ ချိတ်ဆက်နိုင်ကာ နှစ်ဘီးယက်/လေးဘီးယက်တို့ကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
ဟိုက်ဒရောလစ်ပန့်တွန်းအား 34L/min ထွက်ရှိပြီး နောက်တွဲဝန် မတင်နိုင်မှုစွမ်းအား 1.9 တန်ထိခံနိုင်ရည်ရှိ ၀န်ချိတ်ဆွဲနိုင်ပါသည်။
PTO စံသတ်မှတ်ချက်အနေဖြင့် အင်ဂျင်လည်ပတ်မှုနှုန်း 1967rpm တွင် PTO လည်ပတ်မှုနှုန်း 540rpm ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။
(၆၃) လီတာဆန့်ဆီတိုင်ကီ တပ်ဆင်ပါရှိပြီး အသုံးပြုမောင်းနှင်ရာတွင် လွယ်ကူအဆင်ပြေစေသော အနေအထားနှင့် နှစ်သက်ဖွယ်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပါသည်။
တောင်သူများလိုအပ်သော စက်အပိုပစ္စည်းကိုလည်း လိုအပ်ချ်ိန်တွင် စက်အပိုပစ္စည်းများကိုရရှိနိုင်ရန်ဆောင်ရွက်ပေးလျှက်ရှိပြီး အာမခံကာလမှာ တစ်နှစ်ပေးထားပါသည်။
ထို့ပြင် လစဉ်မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
နယူးဟော်လန် TD90
အိန္ဒိယနိုင်ငံထုတ် နယူးဟော်လန် TD90 လယ်ထွန်စက်များတွင် ကမ္ဘာ့အဆင့်မှီ အီတလီနိုင်ငံထုတ် မြင်းကောင်ရေ(၉၀) ကောင်အားရှိ ဆီစားနှုန်းသက်သာပြီး မြင့်မားသော စွမ်းဆောင်ရည်ကိုပေးနိုင်သည့် လေးလုံးထိုး Ivecoအင်ဂျင်ကိုတပ်ဆင်ထားပါသည်။
နောက်တွဲဝန်အလိုအလျောက်တင်/ချခလုတ် Lift-O-Matic နည်းပညာတပ်ဆင်ပါရှိပြီး ရုန်းအားပိုကောင်းမွန်စေသော တာဗိုစနစ် တပ်ဆင်ပါရှိပါသည်။
ဂီယာရုန်းအားပြောင်းလဲ ချိတ်ဆက်မှုအနေဖြင့် အရှေ့(၁၂) ချက်၊ အနောက်(၁၂) ချက်ပြောင်းလဲ ချိတ်ဆက်နိုင်ကာ လေးဘီးယက်စနစ်ဖြင့် ရရှိနိုင်ပါသည်။
ဟိုက်ဒရောလစ်ပန့်တွန်းအား 40L/min ထွက်ရှိပြီး နောက်တွဲဝန် မတင်နိုင်မှု စွမ်းအား ၃.၅ တန်ထိခံနိုင်ရည် ၀န်ချိတ်ဆွဲနိုင်ပါသည်။
PTO စံသတ်မှတ်ချက်အနေဖြင့် ပါ၀ါအား ၉၅% ထိမြှင့်တင်နိုင်သော အင်ဂျင်လည်ပတ်မှုနှုန်း 2200rpm တွင် PTO လည်ပတ်မှုနှုန်း 540rpm ရရှိအသုံးပြုနိုင်ပြီး Economy PTO တပ်ဆင်ပါရှိပါသည်။
(၉၀)လီတာဆန့် ဆီတိုင်ကီတပ်ဆင်ပါရှိပြီး အသုံးပြုမောင်းနှင်ရာတွင် အလွယ်ကူအဆင်ပြေစေသော အနေအထားနှင့် နှစ်သက်ဖွယ်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ ရောင်းချမှုနှင့်အတူ နောက်တွဲ ၀န်ဆောင်မှုကို ပါရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
နယူးဟော်လန် TD95
တူရကီနိုင်ငံထုတ် TDD Series လယ်ထွန်စက်အမျိုးအစားများထဲမှ TD95/TD95D လယ်ထွန်စက်များတွင် အီတလီနိုင်ငံထုတ် မြင်းကောင်ရေ(၉၈) ကောင်အားရှိ IVECO 8000 Series လေးလုံးထိုး တာဗိုအင်ဂျင်အမျိုးအစားကို
အသုံးပြုထားသည့် လေးဘီးယက်လယ်ထွန်စက်အမျိုးအစားဖြစ်ပါသည်။
ထိန်းချုပ်အသုံးပြုမောင်းနှင်ရာတွင် လွယ်ကူစေရန်၊ လျင်မြန်စွာ ဂီယာပြောင်းလဲချိတ်ဆက်မှု ပြုလုပ်နိုင်ရန်နှင့် တစ်ဆက်တည်း ဂီယာပြောင်းလဲခြင်းကို ပြုလုပ်နိုင်စေရန် ထုတ်လုပ်ထားပါသည်။
ဂီယာပြေင်းလဲချိတ်ဆက်မှုအနေဖြင့် အရှေ့(၁၂)ချက်၊ အနောက်(၁၂) ချက်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပြီး ဟိုက်ဒရောလစ်စနစ်တွင် 40L/min ရှိသော ပန့်တွန်းအားဖြင့် နောက်တွဲကိရိယာများကို ၃.၅ တန်အထိ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။
PTO စံသတ်မှတ်ချက်အနေဖြင့် အင်ဂျင်ရုန်းအား 2200rpm တွင် PTO 540rpm သတ်မှတ်ထားပါသည်။
ထို့ပြင်အင်ဂျင်ရုန်းအား 1715 rpm တွင် PTO 540E rpm ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပြီး မည့်သည့်နောက်တွဲယာဉ်မဆို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။
TD95လယ်ထွန်စက်တွင် မောင်းနှင်သူနေရာတွင် အမိုးကိုင်း (ROPS Type) ပါရှိသော စက်၊ အလုံခန်းနှင့် လေအေးပေးစနစ်ပါရှိသောစက်(Cabin Type) ဟူ၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။
မီးခိုးထုတ်လွှတ်မှုတွင်လည်း လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာလျှော့နည်းစေရန် ထုတ်လုပ်ထားပါသည်။
နယူးဟော်လန် TT 45
အိန္ဒိယနိုင်ငံထုတ် နယူးဟော်လန် TT45 တွင် မြင်းကောင်ရေ ၄၇ ကောင်အား ထွက်ရှိသော SIMPSONS အင်ဂျင်တပ်ဆင်ပါရှိသောကြောင့် အင်ဂျင်ပါ၀ါသည် စွမ်းအားမြင့်ပြီး အသံငြိမ်ဝပ်မှုရှိသည်။
နောက်တွဲဝန် အလိုအလျောက် တင်/ချ ခလုတ် lift-O-Matic နည်းပညာ တပ်ဆင်ပါရှိပြီး ဂီယာရုန်းအား ပြောင်းလဲချိတ်ဆက်မှုအနေဖြင့် အရှေ့(၈)ချက်၊ အနောက်(၂)ချက် ချောမွေ့လွယ်ကူစွာ ပြောင်းလဲချိတ်ဆက်မောင်းနှင်နိုင်သည့်constant mesh gear တပ်ဆင်ထားပါသည်။
အင်ဂျင်လည်ပတ်နှုန်း 2300rpm တွင် PTO လည်ပတ်နှုန်း 540rpm ရရှိနိုင်ပြီး နောက်တွဲဝန်ချိတ်ဆက်မှုအနေဖြင့် 1.1ton ရှိခံနိုင်ရည်ဝန်ထမ်း ဆောင်နိုင်သော ဟိုက်ဒရောလစ်စနစ် တပ်ဆင်ပါရှိပါသည်။ TT45 ၏ အားသာချက်မှာ ရေပြည့်ရေလျှံလယ်ကွင်းများ တွင် မောင်းနှင်မှုသွက်လက်စေသောကြောင့် ၀ယ်ယူမည့် တောင်သူဦးကြီးများအတွက် စိတ်ချမ်းသာမှုရရှိစေမှာ အမှန်ပင် ဖြစ်သည်။ ၂၀၁၆ ခုနှစ်ထုတ်မှစတင်၍ထုတ်လုပ်သော TT45 တွင် မောင်းနှင်သူများဘေးရန်ကာကွယ်နိုင်စေရန်Canopy အမိုးပြားများတပ်ဆင်ပါ ရှိတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နယူးဟော်လန် TS6.110
မက္ကဆီကို နိုင်ငံထုတ်နယူးဟော်လန် TS6.110 ထွန်စက်ကြီးအမျိုးအစားတွင် အီတလီနိုင်ငံထုတ်မြင်းကောင်ရေ ၁၁၀ အားရှိ ဆီစားနှုန်းသက်သာသော New Holland FPT(NEF) လေးလုံးထိုးတာဘိုနှင့် အင်တာကူလာပါရှိသော အင်ဂျင်အမျိုးအစားထပ်ဆင့်စွမ်းဆောင်ရည်မြှင့်အင်ဂျင်ကို တပ်ဆင်ပါရှိပါသည်။
နယူးဟော်လန်၏ မူပိုင်တီထွင်မှုစနစ် နောက်တွဲဝန်အလိုအလျောက်အတင်/အချပြုလုပ်ပေးနို်င်သော Lift-O-Matic နည်းပညာကို တပ်ဆင်ထားပါသည်။
ဂီယာရုန်းအားပြောင်းလဲ ချိတ်ဆက်မှုအနေဖြင့် အရှေ့(၈) ချက်၊ အနောက်(၈)ချက် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ဟိုက်ဒရောလစ်ပန့်တွန်းအား 83L/Min ရှိပြီး နောက်တွဲဝန် မတင်နိုင်မှုစွမ်းအားသည် ၄.၆ တန်အထိ ချိတ်ဆွဲမတင်နိုင်ပါသည်။
PTO စံသတ်မှတ်ချက်အနေဖြင့် 540 rpmနှင့် 1000I rpm ဟုနှစ်မျိုးပြောင်းလဲအသုံးပြုနိုင်ပါသည်။
၁၅၀ လီတာဆန့် ဆီတိုင်ကီ ပါရှိသောကြောင့် လုပ်ငန်းကြာရှည်စွာ လုပ်ဆောင်လိုသော တောင်သူများအတွက် အထောက်အကူဖြစ်ပါသည်။
TS6.110 လယ်ထွန်စက်၏ထူးခြားချက်သည် မြေပြင်ကင်းလွတ်မှုအနေဖြင့် High Clearance အဖြစ် တီထွင်ထားသောကြောင့် ဖြစ်ပါသည်။အထူးသဖြင့်ပြောင်းနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းများတွင် အထူးသင့်တော်ပါသည်။
အရောင်းပိုင်းဝန်ဆောင်မှုအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးနေပြီး အပိုပစ္စည်းများကိုလည်း လွယ်ကူစွာအရောင်းချပေးပါသည်။
ထပ်ဆင့်ဝန်ဆောင်မှုအနေဖြင့် မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများကိုလည်း လစဉ်ဖွင့်လှစ်ပေးလျှက်ရှိပါသည်။
ယင်းနယူးဟော်လန်စက်အမျိုးအစားများကို ၀ယ်ယူလိုပါက
ရန်ကုန် 01-687002-3
နေပြည်တော် 067-25946
မန္တလေး 02-5153230
တောင်ကြီး 09-776656200
နောင်ချို 09-259034463
ပခုက္ကူ 09-259488381
မောင်းကုန်း 09-440041351, 09-790655528
ပုသိမ် 042-29164
ဟင်္သာတ 09-453235880
မအူပင် 09-773826579
ပြည် 09-783388057
မကွေး 09761095024-25
မိထ္ထီလာ 09779977820-30
လွိုင်ကော် 09769205292
ရွှေဘို 09254223130
တို့ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ကြောင်း သိရပါသည်။
source:CPCI